AnTuTu က မေလရဲ့ အကောင်းဆုံး စွမ်းရည်မြင့် စမတ်ဖုန်း စာရင်းကို ကြေညာလိုက်ပါတယ်။ နံပါတ် ၁ နေရာကို သိမ်းပိုက်သွားတာက မကြာခင်ကမှ ကြေညာထားတဲ့ MediaTek Dimensity 9300+ Chipset ပါတဲ့ vivo X100s ဖြစ်ပါတယ်။ မေလရဲ့ စွမ်းရည် အမြင့်ဆုံး ဖုန်း ၁၀ လုံး စာရင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။
- Vivo X100s (MediaTek Dimensity 9300+) – 2,105,621
- OPPO Find X7 (MediaTek Dimensity 9300) – 2,094,528
- Red Magic 9 Pro+ (Qualcomm Snapdragon 8 Gen 3) – 2,080,986
- iQOO 12 (Qualcomm Snapdragon 8 Gen 3) 2,079,919
- Vivo X100 Pro (MediaTek Dimensity 9300) – 2,045,717
- iQOO Neo 9S Pro (MediaTek Dimensity 9300+) – 2,043,384
- Vivo X100s Pro (MediaTek Dimensity 9300+) – 2,043,218
- Vivo X Fold 3 Pro (Qualcomm Snapdragon 8 Gen 3) – 2,033,054
- iQOO 12 Pro (Qualcomm Snapdragon 8 Gen 3) – 2,024,909
- Vivo X100 Ultra (Qualcomm Snapdragon 8 Gen 3) – 2,024,787
နံပါတ် ၂ နေရာမှာ Dimensity 9300 ပါတဲ့ OPPO Find X7 ရှိပြီး နံပါတ် ၃ နေရာကို Qualcomm Snapdragon 8 Gen 3 ပါတဲ့ Red Magic 9 Pro+ က ရထားပါတယ်။
ဧပြီလက ချန်ပီယံ ဖြစ်ခဲ့တဲ့ Asus ROG Phone 8 Pro ဟာ စာရင်းမှာ မပါလာတာကို တွေ့ရပါတယ်။ ဒီစာရင်းမှာ ပါတဲ့ ဖုန်းတွေရဲ့ အမှတ်တွေဟာ သိပ်မကွာခြားတာကို တွေ့ရပါတယ်။
Ref : gizmochina