OnePlus က တရုတ်မှာ ဒီလ ၂၇ ရက်နေ့ ကြေညာမယ့် Ace 3 Pro ရဲ့ ဒီဇိုင်းကို ပြသလိုက်ပါတယ်။ တရားဝင် ပိုစတာမှာ အဲဒီဖုန်းရဲ့ အရောင်တွေကို ပြသထားပါတယ်။

OnePlus Ace 3 Pro Tipped to Get 1.5K 8T LTPO Display, 100W Fast Charging,  More | Technology News

OnePlus Ace 3 Pro အတွက် Green , Silver နဲ့ White အရောင်တွေ ထုတ်လုပ်ထားမှာပါ။ White မော်ဒယ်ရဲ့ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး Silver မော်ဒယ်ရဲ့ အနောက်ဘက်က ဖန်ဖြစ်ပါတယ်။ Green မော်ဒယ်ရဲ့ အနောက်ဘက်ဟာ သားရေ ဖြစ်ပါတယ်။

New OnePlus flagship phone launches this month with a familiar design -  NotebookCheck.net News

ပေါက်ကြားသတင်းအရ OnePlus Ace 3 Pro မှာ 6.78” Curved-edge 1.5K Display တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး Snapdragon 8 Gen 3 Processor မောင်းနှင်ထားမှာပါ။ LPDDR5X RAM နဲ့ UFS 4.0 Storage ပါလာမှာပါ။

အရှေ့ဘက်မှာ 16MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ပါလာမှာပါ။ Android 14 အခြေပြု ColorOS 14.1 မောင်းနှင်ထားမှာ ဖြစ်ပြီး 100W Fast Charging ပါတဲ့ 6,100mAh Battery ပါလာမှာပါ။

Ref : gizmochina