တရုတ်မှာ realme GT6 ကို ကြေညာလိုက်ပြီး နိုင်ငံတကာအတွက် ထွက်ထားတဲ့ GT6 နဲ့ ဒီဇိုင်း ကွဲပြားသလို အတွင်းပိုင်း အစိတ်အပိုင်းတွေလည်း မတူညီကြပါဘူး။ တရုတ် မော်ဒယ်မှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး ပိုမိုကြီးမားတဲ့ 5,800mAh Battery နဲ့ 120W Charging ပါပါတယ်။

Realme GT6 debuts in China with different specs - SD 8 Gen 3 and 5,800 mAh battery - GSMArena.com news

6.78” 8T LTPO AMOLED Display တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate , 6,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display ကို BOE က ထုတ်လုပ်ပေးထားပြီး Corning Gorilla Glass Victus 2 အစား Crystal Armor Glass နဲ့ ကာကွယ်ထားပါတယ်။

Realme GT 6 Introduced In China With Snapdragon 8 Gen 3 Chip; Check Out Price And Specifications

အနောက်ဘက်မှာ OIS ပါတဲ့ 50MP IMX890 Main Sensor နဲ့ 8MP Ultrawide Lens တပ်ဆင်ထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပါတယ်။

Light Year White, Storm Purple နဲ့ Dark Side of the Moon အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၃၈၅ ဒေါ်လာနဲ့ 16GB RAM/1TB Storage ကို ၅၃၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena