Samsung က Clamshell Foldable စမတ်ဖုန်း ဖြစ်တဲ့ Galaxy Z Flip 6 ကို ကြေညာလိုက်ပြီး AI Features တွေ ပါလာပါတယ်။ 6.7” Dynamic AMOLED Main Display တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Cover Display က 3.4” AMOLED 720x748p ဖြစ်ပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။

The Samsung Galaxy Z Flip6 upgrades to 50MP camera and SD 8 Gen 3

ကင်မရာ အကြောင်းပြောရရင် 50MP Main (OIS) နဲ့ 12MP Ultrawide Angle ကင်မရာ ၂ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 10MP ဖြစ်ပါတယ်။ ပါဝါ ခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး IP48 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။

The Samsung Galaxy Z Flip6 upgrades to 50MP camera and SD 8 Gen 3

Galaxy Z Flip 6 မှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ အပူစုပ်ယူပေးတဲ့ Vapor Chamber ပါတဲ့ Samsung ရဲ့ ပထမဆုံး Clamshell ဖုန်း ဖြစ်ပါတယ်။ 25W Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပြီး Android 14 အခြေပြု OneUI 6.1 မောင်းနှင်ထားပါတယ်။

Samsung Galaxy Z Flip 6 အတွက် Silver Shadow, Yellow , Blue နဲ့ Mint အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၁,၀၉၉ ဒေါ်လာနဲ့ 12/512GB ကို ၁,၂၁၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gizmochina