Samsung က ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ Unpacked Event မှာ  Galaxy Z Fold6, Galaxy Z Flip6, Galaxy Watch7, Galaxy Watch Ultra, Galaxy Buds3, Galaxy Buds3 Pro ကို ကြေညာခဲ့ပြီး Galaxy Ring ရဲ့ ဈေးနှုန်းကိုပါ ပြောကြားသွားခဲ့ပါတယ်။

Samsung Galaxy AI: What is it and how does it work? | Technology News - The  Indian Express

Samsung  ရဲ့ မိုဘိုင်းဌာနမှ ဥက္ကဌ TM Roh က ကုမ္ပဏီရဲ့ Galaxy AI Feature တွေကို ဒီနှစ်ကုန်မှာ Device ပေါင်း သန်း ၂၀၀ မှာ ရရှိမယ်လို့ စတိတ်စင်ပေါ်မှာ ကြေညာသွားခဲ့ပါတယ်။

Samsung Packs New S24 Series With AI Smarts! — Sypnotix

Samsung က Galaxy AI ကို Galaxy S24 Series နဲ့အတူ ကြေညာခဲ့တာ ဖြစ်ပြီး Galaxy Fold6 နဲ့ Flip6 တို့မှာလည်း ထည့်သွင်းပေးထားပါတယ်။ Samsung ရဲ့ Device အဟောင်းတွေအတွက် Galaxy AI ကို Update ကနေ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့လ အနည်းငယ်က စွမ်းရည်မြင့် S Series နဲ့ Foldable အဟောင်းများအတွက် Galaxy AI ကို ထည့်သွင်းပေးခဲ့ပြီး TM Roh က နောက်ထပ် ရမယ့် Device စာရင်းကို မပြောသေးပါဘူး။

Ref : gsmarena