MIT မှ သုတေသနပညာရှင်တွေက နေအိမ်နဲ့ လမ်းတွေကို ကြီးမားတဲ့ ဘက်ထရီ အဖြစ် အသွင်ပြောင်းနိုင်တဲ့ စွမ်းအင် သိုလှောင်သိမ်းဆည်း နိုင်တဲ့ ကွန်ကရစ်ကို တီထွင်လိုက်ပါတယ်။ ဒါဟာ ထူးခြား ဆန်းသစ်တဲ့ နည်းပညာလို့ ပြောရမှာဖြစ်ပြီး ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကို အသုံးချဖို့ အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Carbon Black ၊ ရေနဲ့ ဘိလပ်မြေကို ပေါင်းစပ်ခြင်းဖြင့် ပညာရှင်တွေဟာ စွမ်းအင် သိုလှောင်နိုင်၊ ပို့လွှတ်နိုင်တဲ့ Supercapacitor လို အလုပ်လုပ်တဲ့ ဒြပ်ထုကို ဖန်တီးနိုင်ခဲ့ပါတယ်။
အဲဒီ ထူးခြားဆန်းသစ်တဲ့ ကွန်ကရစ်ကို အဆောက်အဦး အုတ်မြစ်နဲ့ ကားလမ်းတွေမှာ အသုံးပြုနိုင်ပြီး လျှပ်စစ်ကားတွေကို ကြိုးမဲ့ အားသွင်းနိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ထွက်လာနိုင်ပါတယ်။
တီထွင်သူတွေက အဲဒီ ကွန်ကရစ် ဘက်ထရီ အသေးစားကို အောင်မြင်စွာ တည်ဆောက်ထားနိုင်ပြီ ဖြစ်ပြီး နေအိမ် ၁ လုံးကို စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ အရွယ်ကြီး ဗားရှင်းကို တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။
ဒီနည်းပညာသာ အောင်မြင်ခဲ့ရင် နေအိမ်နဲ့ ကားလမ်းတွေဟာ ကြီးမားတဲ့ ဘက်ထရီတွေ ဖြစ်လာမှာ ဖြစ်ပြီး လူသားတွေရဲ့ စွမ်းအင် လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Facebook