realme က ကင်မရာ အသားပေး 13 Pro နဲ့ 13 Pro+ ကို ကြေညာလိုက်ပြီး realme ရဲ့ Hyperimage+ AI စွမ်းရည် ထည့်သွင်းထားပါတယ်။ Smart Removal, Group Photo Enhancement နဲ့ Audio Zoom တို့လို Cloud အခြေပြု AI Image Editing Feature တွေ ပါပါတယ်။

Realme 13 Pro and Realme 13 Pro+ debut with Hyperimage+ cameras and SD 7s Gen 2

realme 13 Pro+ ဟာ 50MP Main Sony LYT-701 Sensor ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ Sony LYT-600 Sensor (3x Telephoto Lens) ပါတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ 50MP Resolution ဖြစ်ပါတယ်။ အနောက်ကင်မရာ ၂ လုံးစလုံးမှာ OIS ထောက်ပံ့ထားပြီး 8MP Ultrawide Lens လည်း တပ်ဆင်ထားပါတယ်။

realme 13 Pro မှာ ပိုသေးတဲ့ 50MP Main (LYT-600) နဲ့ 8MP Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။

Realme 13 Pro and Realme 13 Pro+ debut with Hyperimage+ cameras and SD 7s Gen 2

ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ 6.7” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး FHD+ Resolutiion နဲ့ 120Hz Refresh Rate ပါပါတယ်။ Gorilla Glass 7i နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 7s Gen 2 Chipset မောင်းနှင်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 5,200mAh Battery ပါလာပြီး 13 Pro မှာ 45W SuperVOOC နဲ့ 13 Pro+ မှာ 80W Charging ထောက်ပံ့ထားပါတယ်။ Monet Gold, Monet Purple နဲ့ Emerald Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

realme 13 Pro 8/128GB ကို ၃၂၀ ဒေါ်လာ၊ 8/256GB ကို ၃၄၆ ဒေါ်လာနဲ့ 12/512GB ကို ၃၈၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

realme 13 Pro+ 8/256GB ကို ၃၉၄ ဒေါ်လာ၊ 12/256GB ကို ၄၁၈ ဒေါ်လာနဲ့ 12/512GB ကို ၄၄၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။

အိန္ဒိယမှာ ဒီလ ၆ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး မကြာခင် တခြားနိုင်ငံတွေမှာ ရောင်းမှာပါ။

Ref : gsmarena