TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance က စာရိုက်ထည့်လိုက်တာနဲ့ ဗီဒီယို ဖန်တီးပေးတဲ့ Jimeng AI App ကို တရုတ်မှာ ဖြန့်ချိပေးလိုက်ပြီး TikTok မှာ AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေ ခေတ်စားလာနိုင်ပါတယ်။
Jimeng AI နဲ့ TikTok ဟာ လက်ရှိမှာ တိုက်ရိုက် ပတ်သက်မှု မရှိသေးပေမယ့် Jimeng AI ကနေ ဖန်တီးတဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ရက်မှာ တင်လို့ အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။ အဲဒီအတွက် Jimeng AI ဟာ အနာဂတ်မှာ TikTok အတွက် ဖြစ်လာနိုင်ပါတယ်။ Jimeng AI ကို ByteDance ပိုင်တဲ့ Faceu Technology က ဖန်တီးထားတာပါ။
ဒါဟာ တရုတ်မှာ ဖြန့်ချိတဲ့ ပထမဆုံး Text-to-video ပလက်ဖောင်း မဟုတ်ပါဘူး။ တရုတ်မှာ Kuaishou’s King AI မော်ဒယ်ကို Beta အနေနဲ့ ဖြန့်ချိထားပါတယ်။ တရုတ်ရဲ့ AI ကုမ္ပဏီ Zhipu AI ဟာလည်း မကြာခင်က ဗီဒီယို ဖန်တီးတဲ့ မော်ဒယ်ကို ဖြန့်ချိထားပါတယ်။ Ying နဲ့ Shengshu တို့ဟာ Vidu အမည်ရ AI Video App ကို ထုတ်လုပ်ထားပါတယ်။
Jimeng Website မှာ App ရဲ့ ဈေးနှုန်းကို ဖော်ပြထားပါတယ်။ တရုတ်မှ User တွေဟာ Android နဲ့ iOS မှာ App ကို အခမဲ့ ရယူနိုင်ပေမယ့် အသုံးပြုဖို့ အခကြေးငွေပေးရမှာပါ။ ၁ လကို ၁၀ ဒေါ်လာအောက် ပေးသွင်းရင် ဗီဒီယို ၁၇၀ နီးပါးနဲ့ ဓါတ်ပုံ ၂,၀၀၀ ကျော် ဖန်တီးနိုင်ပါတယ်။ နှစ်စဉ်ကြေးနဲ့ သုံးရင် ၉၂ ဒေါ်လာ ကျသင့်ပါတယ်။
TikTok မှာ Jimeng AI ကို ထည့်သွင်းပေးမလားဆိုတာ မသိရသေးပါဘူး။
Ref : petapixel