Xiaomi ဟာ နိုဝင်ဘာလမှာ Redmi K80 Series ကို ကြေညာမှာ ဖြစ်ပြီး Redmi K80e, Redmi K80 နဲ့ Redmi K80 Pro တို့ပါလာနိုင်ပါတယ်။ အခုတော့ နာမည်ကြီး Tipster Digital Chat Station က K80 Series ရဲ့ Battery သတင်းအချက်အလက်‌တွေကို ပြောလာပါတယ်။

DCS က Redmi K80 Series အတွက် 6,100mAh နဲ့ 6,200mAh Battery တွေကို စမ်းသပ်နေပြီး ဓါတ်ခွဲခန်း အခြေအနေအရ အများဆုံး ပမာဏဟာ 6,500mAh အထိ ရောက်သွားနိုင်တယ်လို့ ပြောပါတယ်။

အဲဒီအတွက် Redmi K80 Series မှာ Single-cell Battery ကို သုံးထားနိုင်ပြီး 6,500mAh အထိ ကြီးမားနိုင်ပါတယ်။ ဒီဈေးတန်းထဲမှာ Battery ပမာဏအများဆုံး ဖုန်း ဖြစ်နိုင်ပါတယ်။ နှိုင်းယှဉ်ရရင် Redmi K70 နဲ့ K70 Pro မှာ 5,000mAh Battery နဲ့ မကြာခင်က ကြေညာခဲ့တဲ့ K70 Ultra မှာ 5,500mAh Battery ပါပါတယ်။

Redmi K80 Pro render shows a refreshed design - Gizmochina

မကြာခင်က Redmi K80 Pro ရဲ့ သတင်းများစွာ ထွက်လာခဲ့ပြီး K80 ရဲ့သတင်းက‌တော့ နည်းပါးပါတယ်။ Pro မှာ 2K 120Hz OLED Display ပါလာမှာ ဖြစ်ပြီး Ultrasonic In-screen Fingerprint Sensor တပ်ဆင်ထားမှာပါ။ 50MP Main, Ultra-wide Lens နဲ့ 50MP 3x Telephoto ကင်မရာတွေ ပါလာမှာပါ။ K80 Series မှာ 120W Fast Charging ထောက်ပံ့ထားမှာပါ။

Redmi K80 မှာ Snapdragon 8 Gen 3 Chip ထည့်သွင်းထားနိုင်ပြီး K80 Pro မှာ Snapdragon 8 Gen 4 ပါလာနိုင်ပါတယ်။

Ref : gizmochina