Xiaomi ဟာ Pad 7 Series အမည်ရ နောက်မျိုးဆက် တက်ဘလက် အသစ်တွေကို ဖန်တီးနေပါတယ်။ အောက်တိုဘာလမှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ တက်ဘလက်တွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားနေပါတယ်။ အခုတော့ Digital Chat Station က Xiaomi ရဲ့ OLED တက်ဘလက်အကြောင်း သတင်းပေးလာပါတယ်။
DCS က Pad 7 Series အတွက် တက်ဘလက် ၃ လုံးကို ကြေညာမယ်လို့ ပြောပါတယ်။ Xiaomi ဟာ Snapdragon 8 Gen 3 ပါတဲ့ တက်ဘလက် ၂ လုံးကို ကြေညာမှာပါ။ အဲဒီ တက်ဘလက်တွေမှာ LCD Display တပ်ဆင်ထားပြီး 11” နဲ့ 12” အရွယ်အစား ရှိမှာပါ။
တတိယ တက်ဘလက်မှာ 11” OLED Display နဲ့ 144Hz Refresh Rate ထည့်သွင်းထားမှာပါ။ Snapdragon 8 Series Processor မောင်းနှင်ထားမှာ ဖြစ်ပြီး Snapdragon 8 Gen 2 သို့မဟုတ် Snapdragon 8s Gen 3 ပါလာနိုင်ပါတယ်။ အမြင့်ဆုံး မော်ဒယ်မှာ 24GB RAM ပါလာမှာ ဖြစ်ပြီး 120W Charging ထောက်ပံ့ထားမှာပါ။ ဒီဇိုင်း အပိုင်းမှာ Xiaomi Pad 6 Series နဲ့ တော်တော်တူညီမှာပါ။
10,000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး HyperOS 2.0 မောင်းနှင်ထားမှာပါ။ အောက်တိုဘာလမှာ Xiaomi 15 Series နဲ့အတူ တက်ဘလက်တွေကို ကြေညာနိုင်ပါတယ်။
Ref : gizmochina