Bebinca မုန်တိုင်းဟာ ထိုင်ဝမ် မြောက်ပိုင်း ရေပြင်ကို နီးကပ်လာနေပြီ ဖြစ်ပြီး တိုင်ဖွန်း မုန်တိုင်း အဖြစ် အားကောင်းလာတော့မှာပါ။ ထိုင်ပေမှ ရာသီဥတု ခန့်မှန်းသူတွေက မုန်တိုင်း လမ်းကြောင်းကို အတိကျဆုံး ခန့်မှန်းနိုင်တဲ့ နည်းလမ်းကို အသုံးပြုနေကြပါတယ်။ အဲဒါကတော့ Aitificial Intelligence (AI ) ဖြစ်ပါတယ်။
ရာသီဥတု ခန့်မှန်းတဲ့ AI မှာ ထိုင်ဝမ်ရဲ့ Semiconductor ကုမ္ပဏီ TSMC က ထုတ်လုပ်တဲ့ Chip တွေကို အသုံးပြုနေတဲ့ Nvidia အပါအဝင် နည်းပညာကုမ္ပဏီကြီး တချို့ရဲ့ Software ကို အသုံးပြုထားပါတယ်။ အဲဒီ AI ဟာ တိုင်ဖွန်း မုန်တိုင်းကို ခန့်မှန်းရာမှာ သမားရိုးကျ နည်းလမ်းတွေထက် ပိုအစွမ်းထက်ပါတယ်။
ဇူလိုင်လမှာ ရာသီဥတု ခန့်မှန်းတဲ့ AI ကို ပထမဆုံး အသုံးပြုခဲ့ပြီး ထိုင်ဝမ်ဟာ Gaemi တိုင်ဖွန်း မုန်တိုင်း လမ်းကြောင်းကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ခဲ့ပါတယ်။ Gaemi ဟာ ထိုင်ဝမ်မှာ ၈ နှစ်အတွင် အားအကြီးဆုံး မုန်တိုင်း ဖြစ်ပြီး စံချိန်တင်မိုးရွာသွန်းခဲ့ပါတယ်။
AI ဟာ Gaemi မုန်တိုင်း ထိုင်ဝမ်ကို မရောက်ခင် ၈ ရက်အလို ကတည်းက ခန့်မှန်းနိုင်ခဲ့တဲ့အတွက် ထိုင်ဝမ် ရာသီဥတု ပညာရှင်တွေက အထင်ကြီး လေးစားခဲ့ကြပါတယ်။ AI ဟာ သမားရိုးကျ နည်းလမ်တွေထက် ပိုအစွမ်းထက်တယ်ဆိုတာ သိခဲ့ရပါတယ်။
Ref : bangkokpost