Samsung က တန်ဖိုးနည်း Galaxy M05 ကို ကြေညာလိုက်ပြီး Specs တွေက Galaxy A05 နဲ့ တူညီပါတယ်။ A05 မှာလိုပဲ Galaxy M05 မှာ 6.7” IPS LCD HD+ Display တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 8MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

Samsung Galaxy M05 is official: Helio G85, Android 14 and 5,000mAh battery

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာနဲ့ LED Flash ထည့်သွင်းထားပါတယ်။ MediaTek Helio G85 Chipset  မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါလာသလို microSD Card စိုက်နိုင်ပါတယ်။

Samsung Galaxy M05 is official: Helio G85, Android 14 and 5,000mAh battery

Galaxy M05 မှာ Android  14 အခြေပြု One UI Core 6.0 မောင်းနှင်ထားပြီး အဓိက Android Update ၂ ခုနဲ့ Security Update ၄ နှစ်ကြာရမှာပါ။ 25W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Galaxy M05 key specs

Galaxy M05 အတွက် Mint Green အရောင် ထုတ်လုပ်ထားပြီး 4/64GB Version ကို ၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ မကြာခင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena