ဒီနှစ် iPhone 16 Series ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး Feature တွေထဲက တစ်ခုက Camera Control Button အသစ် ဖြစ်ပါတယ်။ တကယ်တော့ အဲဒါဟာ Button မဟုတ်ဘဲ တိကျတဲ့ Haptic Motor သုံးတဲ့ ဖိအား အာရုံခံ ဧရိယာ (pressure-sensitive area) ဖြစ်ပါတယ်။

အခုတော့ realme ရဲ့ ဒုတိယ ဥက္ကဌနဲ့ CMO ဖြစ်သူ Chase Xu က ဝီဘိုမှာ ဗီဒီယို တစ်ခုနဲ့ မကြေညာထားရသေးတဲ့ ဖုန်းမှာ ပါတဲ့ အလားတူ Button ကို ပြသလိုက်ပါတယ်။

The iPhone 16's new Camera Control button is about so much more than the camera - Fast Company Middle East | The future of tech, business and innovation.

သူက ကင်မရာကို လျှင်မြန်စွာ ဖွင့်နိုင်ပြီး Zoom အပါအဝင် Control များစွာအတွက် အဲဒီ Button ကို အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ iPhone မှာလို ချောမွတ်မှု မရှိတဲ့ပုံပေါ်နေပေမယ့် ဒါဟာ နမူနာမော်ဒယ် အလုံး ဖြစ်နိုင်ပြီး တကယ်ရောင်းတဲ့အချိန်မှာ ပိုကောင်းလာနိုင်ပါတယ်။

Chase က Apple ရဲ့ Camera Control Key နဲ့ နည်းပညာ တူညီတယ်လို့ ပြောပြီး နမူနာဖုန်းဟာ စွမ်းရည်မြင့် realme GT7 Pro မဟုတ်ဘူးလို့ ပြောပါတယ်။ realme ဟာ အဲဒီ Feature ကို စမ်းသပ်နေတာ ကြာပြီလို့ထင်ရပြီး ဖြန့်ချိဖို့အတွက် အဆင်သင့်နီးပါး ဖြစ်နေပြီလို့ ထင်ပါတယ်။

Ref : gsmarena