User တွေက iPhone 16 Pro မှာ Touchscreen ပြဿနာ ဖြစ်ပွားနေတယ်လို့ အွန်လိုင်းမှာ ပြောနေကြပါတယ်။ ဖုန်းဟာ နှိပ်တာ၊ ပွတ်ဆွဲတာကို မသိဘူးဖြစ်နေတဲ့အတွက် Function ကို ထိခိုက်စေပါတယ်။ အဲဒီပြဿနာကို iOS 18 နဲ့ iOS 18.1 နှစ်ခုစလုံးမှာ တွေ့နေရပါတယ်။

iPhone 16 Pro touchscreen issues: Users report ignored taps and swipes,  netizens react; 'driving me crazy' | Mint

Screen ရဲ့ထောင့်စွန်းတွေမှာ ပိုပြဿနာ ဖြစ်နေတဲ့အတွက် Palm Rejection Algorithm ကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Camera Control Button အနားမှာ ဖြစ်ပါတယ်။ Screen ရဲ့ တခြား အစိတ်အပိုင်းတွေကို  လက်နဲ့ ထိထားချိန်မှာ Software ဟာ ထောင့်စွန်းနားက Touch တွေကို လျစ်လျူရှုထားပါတယ်။

iPhone 16 Pro users experiencing touchscreen issues, some taps and swipes  ignored - 9to5Mac

တချို့က Palm Rejection Algorithm ရဲ့ အမှားဟာ ဘေးဘောင်တွေ ပါးလို့ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ အဲဒီအတွက် Case တပ်ထားတာက ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

ဖုန်း Screen ကို Lock ချထားရင် ဒီပြဿနာ မဖြစ်ပါဘူး။ အဲဒီအတွက် ဒါဟာ Software ကြောင့်ဖြစ်နိုင်ပါတယ်။ Apple ဟာ Software Update နဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ အဲဒီအချိန်မတိုင်ခင်မှာ Case တပ်သုံးရင် ဒီပြဿနာကို ယာယီ ဖြေရှင်းနိုင်ပါတယ်။

Ref : gsmarena