မိုက်ကယ်ဂျက်ဆင်ရဲ့ “Thriller “ သီချင်းဟာ မသိသူ မရှိသလောက် ကမ္ဘာမှာ ကျော်ကြားပါတယ်။ အခုတော့ “Thriller” Music Video ကို YouTube မှာ ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၁ ဘီလီယမ်ကျော်သွားပါပြီ။

Music Video Friday: Michael Jackson – Thriller | Cinema Parrot Disco

၁၉၈၃ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Thriller” ဟာ  ရုပ်ပုံတွေ ထူးခြားဆန်းသစ်ရုံသာမက ကကွက်စီစဉ်ဖန်တီးမှုက အနုပညာလက်ရာမြောက်လွန်းပါတယ်။ အဲဒီ သီချင်းဟာ ပေါ့ပ် ဂီတ လောကမှာ နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့သလို ဂီတလောကတစ်ခုလုံးမှာ အုံးအုံးကြွက်ကြွက် ပေါက်သွားခဲ့တာ ဖြစ်ပါတယ်။

Michael Jackson's 'Thriller': 12 Thrilling Facts About the Video

အဲဒီ Video ကို John Landis က ဒါရိုက်တာ အနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီး သူဟာ ထူးခြားဆန်းသစ်တဲ့ Special Effect နဲ့ ဇာတ်ညွှန်းကြောင့် နာမည်ကြီးပါတယ်။ သူဟာ Music Video လောကမှာ စံနှုန်းအသစ်ကို တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင် ဟာ “Thriller” သီချင်းကြောင့် ပေါ့ပ် ဘုရင် ဘွဲ့ကို ရရှိခဲ့တာဖြစ်ပြီး မျိုးဆက်များစွာအထိ အောင်မြင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှ Fans တွေက အဲဒီသီချင်းကို နှစ်များစွာကြာ စွဲစွဲလမ်းလမ်း နားထောင်ခဲ့ကြပါတယ်။

Ref : Startup Lahore