vivo က အင်ဒိုနီးရှားမှာ V40 Lite 4G နဲ့ V40 Lite 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်း ၂ လုံးဟာ ဒီဇိုင်း နဲ့ Chipset က လွဲပြီး Specs အများစု တူညီကြပါတယ်။

vivo V40 Lite 5G

V40 Lite 4G မှာ Snapdragon 685 , 8GB RAM နဲ့ V40 Lite 5G မှာ Snapdragon 4 Gen 2 Chip , 12GB RAM အထိ ထည့်သွင်းထားပါတယ်။

vivo V40 Lite 4G

ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ ဒီဇိုင်း ပါလာပြီး 6.67” AMOLED FHD+ Display , 120Hz Refresh Rate တပ်ဆင်ထားပါတယ်။ Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP Main , 2MP Depth နဲ့ vivo Aura Light Portrait System တပ်ဆင်ထားပါတယ်။ AI Erase, Photo Enhance နဲ့ Document Scanning စတဲ့ vivo AI Imaging နည်းပညာ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android  14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

V40 Lite 4G အတွက် Titanium Silver, Pearl Violet နဲ့ Carbon Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၂၀ ဒေါ်လာနဲ့ 8/256GB ကို ၂၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

V40 Lite 5G အတွက် Titanium Silver နဲ့ Carbon Black အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၂၈၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena