Xiaomi က တရုတ်မှာ Redmi Note 14 Pro နဲ့ Note 14 Pro+ ကို ကြေညာလိုက်ပါတယ်။

Redmi Note 14 Pro နဲ့ Pro+ မှာ 6.67” AMOLED Curved Display တပ်ဆင်ထားပြီး 1.5K Resolution , 120Hz Refresh Rate , 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Tough Redmi Note 14 Pro and Pro+ debut

Note 14 Pro+ ရဲ့ အနောက်ဘက်မှာ 50MP Main , 50MP Telephoto , 8MP Ultrawide ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Note 14 Pro မှာ 50MP Main, 8MP Ultrawide နဲ့ 2MP ကင်မရာ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 20MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Tough Redmi Note 14 Pro and Pro+ debut

Redmi Note 14 Pro နဲ့ Pro+ မှာ Snapdragon 7s Gen 3 နဲ့ Dimensity 7300 Ultra Processor အသီးသီး မောင်းနှင်ထားပါတယ်။ Note 14 Pro မှာ 12GB RAM နဲ့ Pro+ မှာ 16GB RAM နဲ့ 512GB Storage ပါပါတယ်။ Pro+ မှာ 6,200mAh Battery နဲ့ 90W Charging ၊ Pro မှာ 5,500mAh Battery နဲ့ 45W Charging ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Tough Redmi Note 14 Pro and Pro+ debut

ဖုန်း ၂ လုံးစလုံးအတွက် Midnight Black နဲ့ Mirror Porcelain White အရောင်ထုတ်လုပ်ထားပြီး Pro အတွက် Phantom Blue နဲ့ Twilight Purple အရောင် အပိုပါလာပါတယ်။ Pro+ အတွက် Sandstar Green အရောင် အပိုပါလာပါတယ်။

Tough Redmi Note 14 Pro and Pro+ debut

တန်ဖိုးအနည်းဆုံး Note 14 Pro 8/128GB ကို ၁၉၉ ဒေါ်လာ နဲ့ Pro+ 8/128GB ကို ၂၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina