Meta CEO Mark Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၀၀ ဘီလီယမ်ကျော်သွားပြီ ဖြစ်ပါတယ်။ အတိအကျပြောရရင် ဒေါ်လာ ၂၀၂ ဘီလီယမ် ပိုင်ဆိုင်ထားပြီး သူဟာ ကမ္ဘာ့ တတိယ အချမ်းသာဆုံး ဖြစ်လာပါတယ်။ သူဟာ အဲဒီလောက် ချမ်းသာကြွယ်ဝတဲ့ အသက်အငယ်ဆုံး လူသားလည်း ဖြစ်လာပါတယ်။

Crazy Rumor of the Day: Apple to Invest in Facebook - Business Insider

Elon Musk က ဒေါ်လာ ၂၆၈ ဘီလီယမ်၊ Jeff Bezos က ဒေါ်လာ ၂၁၄ ဘီလီယမ်နဲ့ Bernard Arnault က ဒေါ်လာ ၂၀၁ ဘီလီယမ်နဲ့ ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ ရပ်တည်နေပါတယ်။

Don't fall for the hoax! Mark Zuckerberg is NOT giving away millions of  dollars to Facebook users - Irish Mirror Online

ဇူဇူဟာ ၂၀၂၂ ခုနှစ်မှာ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး Metaverse မှာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာ ငွေကြေး ချမ်းသာမှု ပြန်လည် မြင့်မားခဲ့ပြီး လက်တွေ့ စီးပွားရေးလုပ်ငန်းတွေမှာ အာရုံစိုက်ခဲ့ပါတယ်။ AI နည်းပညာမှာ ရင်းနှီးမြှပ်နှံမှုကြောင့် သူဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၇၃.၅ ဘီလီယမ် ဝင်ငွေရခဲ့ပါတယ်။

Mark Zuckerberg ဟာ Facebook လူမှုကွန်ရက်ကို တည်ထောင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်လာပါတယ်။ သူဟာ Metaverse ဆိုတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာကြီးကိုလည်း တည်ထောင်ဖို့ ကြိုးစားနေပါတယ်။

Ref : Tech Explorers