Norwegian Road Federation (OFV) က နော်ဝေးဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ လောင်စာဆီ ကားထက် လျှပ်စစ်ကား ပိုများတဲ့ နိုင်ငံဖြစ်လာတယ်လို့ ပြောပါတယ်။ နော်ဝေးမှာ မှတ်ပုံတင်ထားတဲ့ ကား ၂.၈ သန်း ရှိပြီး လျှပ်စစ်ကားက ၇၅၄,၃၀၃ စီးဖြစ်ပြီး လောင်စာဆီကား ၇၅၃,၉၀၅ စီးထက် ပိုများလာပါတယ်။ ဒီဇယ် ကားတွေရဲ့ ရောင်းအားဟာ လျှင်မြန်စွာ ကျဆင်းနေပါတယ်။

Electric cars outnumber petrol cars in Norway for the first time, KNEWS

နော်ဝေးဟာ ၂၀၂၅ ခုနှစ်မှာ ကားတွေကနေ  ကာဘွန်ဒိုင်အောက်ဆိုက် လုံးဝ မထုတ်လွှင့်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါဟာ ဥရောပ သမဂ္ဂရဲ့ ရည်မှန်းထားတဲ့ အချိန်ထက်တောင် စောပါတယ်။ Tesla Model Y လို နာမည်ကြီး လျှပ်စစ်ကားတွေကြောင့် နော်ဝေးမှာ ဩဂုတ်လမှာ ကားအသစ် မှတ်ပုံတင်ထားမှုထဲမှာ လျှပ်စစ်ကားတွေက ၉၄.၃ ရာခိုင်နှုန်းတောင် ရှိပါတယ်။

Norway: electric cars outnumber petrol for first time in 'historic milestone'  | Electric, hybrid and low-emission cars | The Guardian

နော်ဝေး အစိုးရဟာ လျှပ်စစ်ကားတွေအတွက် အခွန်လျှော့ပေးတာ၊ ဈေးနှုန်း လျှော့ပေးတာတွေကို ပြုလုပ်ပေနေတဲ့အတွက် လျှပ်စစ်ကား ဝယ်ယူမှု မြင့်မားလာတာ ဖြစ်ပါတယ်။ နော်ဝေးဟာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေပြီး ၂၀၃၀ ခုနှစ်မှာ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ၅၅ ရာခိုင်နှုန်းကို လျှော့ချဖို့ ရည်မှန်းထားပါတယ်။

Ref : Tech Explorer