Meta က Movie Gen အမည်ရ AI Video Generator ကို ကြေညာလိုက်ပြီး အသံပါတဲ့ အရည်အသွေးမြင့် Video တွေကို ဖန်တီးပေးနိုင်ပါတယ်။

Movie Gen မှာ စာသားတွေ ရိုက်ထည့်ပြီး Video ဖန်တီးနိုင်သလို ရှိပြီးသား Video တွေကို Edit လုပ်တာနဲ့ ဓါတ်ပုံတွေကနေ Video ပြုလုပ်နိုင်ပါတယ်။ Video မှာ ပါတဲ့ အသံကိုလည်း AI က ဖန်တီးပေးထားတာ ဖြစ်ပြီး Video နဲ့ လိုက်ဖက်တဲ့ အသံကို ထည့်သွင်းပေးနိုင်ပါတယ်။ Video ကို Aspect Ratio မျိုးစုံနဲ့  ဖန်တီးနိုင်ပါတယ်။

The headshot of a woman is in the top corner. Based on the image, she’s depicted in an AI-generated video sitting in a pumpkin patch.

Meta က Movie Gen ဟာ ရှိပြီးသား Video မှာ မတူညီတဲ့ Elements တွေ ပြောင်းလဲပေးနိုင်တယ်လို့ ပြောပါတယ်။ ဥပမာ အနေနဲ့ Meta က အမျိုးသမီး တစ်ယောက်ရဲ့ ဦးခေါင်းပုံ ရုပ်သေဓါတ်ပုံကနေ ကော်ဖီသောက်နေတဲ့ ရုပ်ပုံကို ပြောင်းပြထားပါတယ်။

An AI-generated still from a video of a child running on the beach with a kite.

Movie Gen ဟာ ရှိပြီးသား Video တွေကို Edit လုပ်နိုင်ပြီး Style နဲ့ Transition  တွေကို ပြောင်းလဲပေးနိုင်ပါတယ်။

AI Image နဲ့ Video Generator တွေ ခေတ်စားလာတာ ၂ နှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။ AI ကုမ္ပဏီတွေဟာ အဲဒီ နည်းပညာကို အပြိုင်အဆိုင် ဖန်တီးလာကြပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Google နဲ့ OpenAI တို့ဟာ အလားတူ  Tool တွေကို ပြသခဲ့ကြပါတယ်။

Ref : theverge