Elon Musk က နောက် ၂ နှစ်အတွင်း အင်္ဂါဂြိုလ်ကို အာကာသယာဉ် ၅ စီးဝန်းကျင် စေလွှတ်မယ်လို့  X လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။

A man who worked at Elon Musk's SpaceX reveals the formula for success

Musk က လူမပါတဲ့ အာကာသယာဉ်တွေကို အင်္ဂါဂြိုလ်ကို အောင်မြင်စွာ စေလွှတ်ပြီးရင် ၂၀၂၈ ခုနှစ်မှာ လူပါတဲ့ ပထမဆုံး အာကာသယာဉ်ကို စေလွှတ်မယ်လို့ ပြောပါတယ်။ သူက အခက်အခဲတွေတွေ့ရမယ်ဆိုရင် လူပါတဲ့ အာကာသယာဉ် စေလွှတ်တဲ့ စီမံကိန်းကို နောက် ၂ နှစ် နောက်ဆုတ်မယ်လို့ ပြောပါတယ်။

Elon Musk's Space Vision In Jeopardy As SpaceX Faces Possible Bankruptcy

သူက “ အင်္ဂါဂြိုလ်ကို စွန့်စွန့်စားစား ခရီးသွားချင်သူတိုင်းကို ဖိတ်ခေါ်ပါတယ်။ သင်၊ သင့် မိသားစုနဲ့ သင့် သူငယ်ချင်း အားလုံး ပါဝင်နိုင်ပါတယ်။ အင်္ဂါဂြိုလ်ကို အာကာသယာဉ်များစွာ စေလွှတ်မှာ ဖြစ်ပါတယ်။ အရမ်းကို စိတ်ဝင်စားစရာ ကောင်းမှာပါ။ “ လို့ ရေးသားထားပါတယ်။

Musk ဟာ အာကာသယာဉ် စေလွှတ်တဲ့ အချိန်နဲ့ ပတ်သက်ပြီး အရင်က ပြောကြားခဲ့ရာမှာ လွဲချော်မှုတွေ ရှိခဲ့တဲ့ မှတ်တမ်း ရှိပါတယ်။ သူက ၂၀၁၆ ခုနှစ်မှာ SpaceX ဟာ ၂၀၁၈ ခုနှစ်မှာ အင်္ဂါဂြိုလ်ကို ဒုံးပျံလွှတ်တင်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူက ဒီနှစ်ထဲမှာ အင်္ဂါဂြိုလ်ကို အာကာသယာဉ် စေလွှတ်မယ်လို့ပြောခဲ့ဖူးပါတယ်။

အခုလည်း သူက နောက် ၂ နှစ်အတွင်း အင်္ဂါဂြိုလ်ကို အာကာသယာဉ် ၅ စီး စေလွှတ်မယ်လို့ ပြောလာတဲ့အတွက် သူပြောတာ မှန်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : digitaltrends