ဇူဇူဟာ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး  လူသား အဖြစ် ပထမဆုံး အကြိမ် ဖြစ်လာခဲ့ပါတယ်။ သူဟာ အမေဇုန် သူဌေး ဂျက်ဘီဇောထက် ဒေါ်လာ ၁ ဘီလီယမ် ပိုများသွားပြီး နံပါတ် ၂ နေရာကို ရလာပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၀၆ ဘီလီယမ် ရှိလာပါပြီ။ သူဟာ ဒေါ်လာ ၂၅၆ ဘီလီယမ် ပိုင်ဆိုင်ထားတဲ့ အီလွန်မတ်ရဲ့ နောက်မှာ ရပ်တည်နေပါတယ်။

Facebook Free Basics fails: Here's how much money Mark Zuckerberg spent on advertising for the venture! | India.com

ဇူဇူရဲ့ ကြွယ်ဝချမ်းသာမှုဟာ သူ့ရဲ့ Meta ရှယ်ယာ ၁၃ ရာခိုင်နှုန်းနဲ့ အဓိက သက်ဆိုင်နေပြီး ဒီနှစ်ထဲမှာ ရှယ်ယာတန်ဖိုးဟာ ဒေါ်လာ ၇၈ ဘီလီယမ်ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ဘီလီယမ်နာ စာရင်းမှာ တခြားလူတွေထက် ပိုမို များပြားလာတာ ဖြစ်ပါတယ်။

Mark Zuckerberg net worth: How much money does Facebook giant have? | World | News | Express.co.uk

ဇူဇူနဲ့ အီလွန်မတ်တို့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ တော်တော် ကွာခြားနေပါတယ်။ ဒါပေမယ့် ဇူဇူဟာ အီလွတ်မတ်ထက် အနာဂတ်မှာ ပိုချမ်းသာသွားနိုင်ပါတယ်။ အီလွန်မတ်ရဲ့ ချမ်းသာမှုဟာ ဇွန်လမှာ ဇူဇူထက် နည်းပါးခဲ့ပါတယ်။ အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘီလီယမ်နာ စာရင်းမှာ အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်ခဲ့ပြီး ဘီဇော၊ ဘားနတ်အာ့နော့ တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

အီလွန်မတ် နဲ့ ဇူဇူ တို့ဟာ ချမ်းသာကြွယ်ဝမှုသာ ပြိုင်ဆိုင်နေတာ မဟုတ်ဘဲ တခြား နေရာတွေမှာလည်း ပြိုင်ဆိုင်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မတ်က ဇူဇူကို ကြိုးဝိုင်းထဲမှာ ထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဇူဇူက ဒါကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထိုးပွဲဟာ တကယ် မဖြစ်လာခဲ့ပါဘူး။

Ref : fortune