Elon Musk ရဲ့ SpaceX ကုမ္ပဏီဟာ အာကာသမှာ ကြီးစိုးထားပါတယ်။ Elon Musk ဟာ အခုဆိုရင် ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုလ်တု အားလုံးရဲ့ ၃ ပုံ ၂ ပုံကို ထိန်းချုပ်ထားပြီး Starlink ဂြိုလ်တု ကွန်ရက်ဟာ လျှင်မြန်စွာ ကြီးထွားလာပါတယ်။

Nigeria may sanction Elon Musk's Starlink for increasing internet tariff without approval - Daily Trust

မကြာခင်က SpaceX ဟာ ၇,၀၀၀ မြောက် Starlink ဂြိုလ်တုကို လွှတ်တင်ခဲ့ပြီး ကမ္ဘာအဝန်းမှာ မြန်နှုန်းမြင့် ဂြိုလ်တုကို ပိုမိုလွှမ်းခြုံပေးလာပါတယ်။ ၃ နှစ်အတွင်းမှာ Starlink ဂြိုလ်တု အရေအတွက်ဟာ ၆ ဆကျော် တိုးတက်လာပါတယ်။

Elon Musk Gives Hurricane Helene Victims Free Starlink Access: Here's How to Claim It

Elon Musk ဟာ အဲဒီမှာတင် ရပ်မနေပါဘူး။ SpaceX ဟာ နောက်ထပ် ဂြိုလ်တု ၄၂,၀၀၀ ကို လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ Starlink ဂြိုလ်တု အင်တာနက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဝန်ဆောင်မှုပေးထားပြီး သုံးစွဲသူ ၄ သန်း ပြည့်သွားပါပြီ။

SpaceX ဟာ လာမယ့်နှစ်တွေအတွင်း နောက်ထပ် နိုင်ငံအသစ်တွေမှာ ဝန်ဆောင်မှု တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ မပါသေးပါဘူး။

Musk ရဲ့ အာကာသမှာ ကြီးစိုးမှုဟာ အံ့အားသင့်စရာကောင်းလာပါပြီ။ သူဟာ အာကာသာမှ ဂြိုလ်တု ၆၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပါတယ်။ အနာဂတ်မှာလည်း Starlink ဂြိုလ်တု အင်တာနက်ဟာ ပိုမို စွမ်းရည်မြင့်မားလာမှာ သေချာပါတယ်။

Ref : benzinga