Elon Musk က ဟာရီကိန်း ဟယ်လင်နဲ့ မီလ်တန် မုန်တိုင်း ဒဏ်ခံရတဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက် Starlink ဂြိုလ်တု အင်တာနက်ကို တစ်လ အခမဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကာလဟာ တိုတောင်းတဲ့အတွက် ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီးနောက်မှာ SpaceX က အချိန်ကာလကို တိုးမြှင့်ပေးလိုက်ပါတယ်။

Elon Musk's Starlink charges Hurricane Helene survivors $400 for 'free' internet service

Starlink ကို လက်ရှိသုံးစွဲနေသူများနဲ့ အခုမှ သုံးစွဲမယ့် သူများအားလုံးအတွက် ၂၀၂၄ ခုနှစ်တစ်နှစ်လုံး အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုမှ စပြီး သုံးစွဲမယ့် သူတွေဟာ ၃၄၉ ဒေါ်လာ တန်ကြေးရှိ Starlink Dish ကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

Customer အသစ်တွေဟာ Starlink Dish ကို Starlink Website သို့မဟုတ် Best Buy , Home Depot တို့လို စတိုးတွေ ကနေ ဝယ်ယူနိုင်ပါတယ်။ ကုမ္ပဏီက Starlink Dish ပို့ဆောင်ပေးမယ့် အချိန်ဟာ ၃ ပတ်အထိ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။

Elon Musk's Starlink brings internet — and politics — to storm-ravaged areas

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အခကြေးငွေ ပြန်လည် ကောက်ခံတဲ့အခါ အသိပေးသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

SpaceX အပြင် အမေရိကန် ဆက်သွယ်ရေး ကော်မရှင်ကလည်း မုန်တိုင်းသင့် ပြည်သူတွေအတွက် ဖုန်းနဲ့ Broadband ဝန်ဆောင်မှုတွေကို ဈေးလျှော့ပေးနေပါတယ်။

Ref : livenowfox