ကမ္ဘာ့ ပထမဆုံး All-electric လေယာဉ် ဖြစ်တဲ့ Alice ကို တီထွင်နေတဲ့ Eviation Aircraft ကုမ္ပဏီက UrbanLink Air Mobility နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Alice ခရီးသည်တင်လေယာဉ် ၁၀ စီးကို UrbanLink ကို ရောင်းချပေးဖို့ သဘောတူညီလိုက်ကြပါတယ်။

This is history' - The world's first all-electric passenger plane just took flight | Evening Standard

Alice ဟာ ၅၇ ပေ ရှည်လျားပြီး လူ ၉ ယောက် စီးနိုင်ပါတယ်။ ကမ္ဘာ့ ပထမဆုံး ၄ တန် သို့မဟုတ် ၈,၀၀၀ ပေါင် ဘက်ထရီ ပါတဲ့ လျှပ်စစ် လေယာဉ် ဖြစ်ပြီး မိနစ် ၃၀ အားသွင်းရင် ၅၀၅ မိုင် မောင်းနှင်နိုင်ပါတယ်။ Battery နည်းပညာက လျှပ်စစ်ကား ၊ စမတ်ဖုန်းတွေနဲ့ တူညီပါတယ်။

လေယာဉ်ဟာ အမြန်ဆုံး အနေနဲ့ ၁ နာရီကို ၂၈၇ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ နှိုင်းယှဉ်ရရင် Boeing 737 ဟာ  ၁ နာရီကို ၅၈၈ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

World’s 1st 4-ton battery electric planes to fly in US, 505-mile range on 30-min charge

Eviation Aircraft ဟာ လာမယ့် ၇ နှစ်ကနေ ၁၀ နှစ်အတွင်း ခရီးသည် ၂၀ ကနေ ၄၀ အထိ သယ်ဆောင်နိုင်တဲ့ လျှပ်စစ် လေယာဉ်တွေကို ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

UrbanLink ဟာ ပြည်တွင်း သယ်ယူပို့ဆောင်ရေးမှာ Alice ကို အသုံးပြုမှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ၂၀၅၀ ခုနှစ်အရောက်မှာ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ထုတ်လွှင့်မှု လုံးဝ မရှိအောင် ရည်မှန်းထားပါတယ်။

Ref : interestingengineering