Tecno က နိုင်ငံတကာ  ဝက်ဘ်ဆိုက်မှာ Camon 30S ကို စာရင်းတင်ထားပါတယ်။ အဲဒီဖုန်းကို ပါကစ္စတန်မှာ ရောင်းချနေပြီ ဖြစ်ပြီး မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Tecno Camon 30S launched with 6.78-inch AMOLED display, 50MP Sony IMX896 camera, and more - Gizmochina

Tecno Camon 30S မှာ 6.78” FHD+ OLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display ကို Gorilla Glass နဲ့ ကာကွယ်ထားပြီး ရေစိုတဲ့ လက်နဲ့ အသုံးပြုနိုင်ပါတယ်။

Helio G100 Chipset မောင်းနှင်ထားပြီး 4G ဖုန်း ဖြစ်ပါတယ်။ 6/128GB , 8/128GB နဲ့ 8/256GB Version ၃ မျိုးထုတ်လုပ်ထားပါတယ်။ 8GB Virtual RAM ကိုလည်း အသုံးပြုနိုင်ပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

TECNO CAMON 30s launched: Helio G100, 50MP Sony IMX896, IP53 rating

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ IP53 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Dolby Atmos ထောက်ပံ့တဲ့ စတီရီယို စပီကာတွေ ပါလာပါတယ်။ လုံခြုံရေးအတွက် Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

Camon 30S ကို ပါကစ္စတန်မှာ ၂၁၅ ဒေါ်လာ သတ်မှတ်ထားပြီး Blue , Nebula Violet , Celestial Black နဲ့ Dawn Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina