တရုတ်ရဲ့ အာကာသ နည်းပညာ ကုမ္ပဏီ Deep Blue Aerospace က ပထမ ၂ ကြိမ် အာကာသခရီးသွားလက်မှတ်ကို ရောင်းချပြီးနောက်မှာ တစ်စောင်ကို ယွမ် ၂ သန်း (ဒေါ်လာ ၂၈၀,၇၅၆) နဲ့ နောက်ထပ် လက်မှတ် အစောင် ၂၀ ကို ထပ်မံ ရောင်းချနေပါတယ်။

Commercial spaceflight | Space tourism experiences | blooloop

ကုမ္ပဏီက Taobao စတိုးမှာ ရောင်းချနေတာ ဖြစ်ပြီး အွန်လိုင်း ကနေ စရန်ငွေ ယွမ် ၁၀၀,၀၀၀ ပေးသူတွေဟာ ဘေဂျင်းမှ သုတေသန စင်တာမှာ စာချုပ်ချုပ်ရမှာ ဖြစ်ကာ ကျန်တဲ့ ငွေကို ပေးရမယ်လို့ ပြောပါတယ်။

5 Reasons Why Space Exploration Matters - Space Connect Online

Deep Blue ရဲ့ အရောင်းမြှင့်တင်ရေး သတင်းအချက်အလက် အရ အာကာသခရီးစဉ်ကို ၂၀၂၇ ခုနှစ်မှာ ပြုလုပ်ပေးမှာ ဖြစ်ပြီး ခရီးသွားတွေဟာ ကမ္ဘာမြေအထက် ၁၅၀ ကီလိုမီတာမှာ ၁၂ မိနစ်ဝန်းကျင် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ ဆွဲအားမဲ့တဲ့ အတွေ့အကြုံကို အနည်းဆုံး ၅ မိနစ်ကြာ ခံစားရမှာ ဖြစ်ပါတယ်။

Nebula-1 အမည်ရ ဒုံးပျံဟာ ခရီးသည် ၆ ယောက်ကို အာကာသသို့ ပို့ဆောင်ပေးမှာ ဖြစ်ပြီး Panoramic Windows ၆ ခုကနေ ရှုခင်းတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာမြေကို ဒုံးပျံ ပြန်လည် ဆင်းသက်တဲ့အခါ လေထီး ဖွင့်ထားမှာ ဖြစ်ပြီး လေထီးဟာ အကြိမ် ၅၀ ကျော် ပြန်လည် အသုံးပြုနိုင်ပါတယ်။

Deep Blue က အသက် ၁၈ နှစ်နဲ့ ၆၀ အကြား ခရီးသွားတွေ အာကာသသို့ ခရီးသွားဖို့ သင့်တော်ပြီး ခရီးမသွားခင် ၁ လ အလိုမှာ လုံခြုံရေးအတွက် သင်တန်းပေးမယ်လို့ ပြောပါတယ်။

Ref : south china morning post