Google ရဲ့ ၂၀၂၄ ခုနှစ် ကွာတား ၃ ငွေစာရင်းရှင်းပွဲ အခမ်းအနားမှာ CEO Sundar Pichai က စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက် တချို့ကို ပြောကြားလိုက်ပါတယ်။ သူက Google ရဲ့ Code အသစ် ၂၅ ရာခိုင်နှုန်းကျော်ကို AI ကို ရေးခိုင်းထားပြီး လူသား အင်ဂျင်နီယာတွေက ပြန်လည် စစ်ဆေးတယ်လို့ ပြောပါတယ်။

25% Of Google's New Code Is Now AI-Written - Trak.in - Indian Business of Tech, Mobile & Startups

ဒါဟာ Coding အပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပြီး AI ဟာ Code ရေးတဲ့ အလုပ်မှာ ပိုမို ကျွမ်းကျင်လာပါတယ်။ ဒါဟာ Coder တွေ အလုပ်ပြုတ်ကိန်းရှိတယ်လို့ မဆိုလိုဘဲ အင်ဂျင်နီယာတွေဟာ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုမို အာရုံစိုက်နိုင်မှာ ဖြစ်ပြီး ပိုမို တီထွင်ဆန်းသစ်နိုင်မှာ ဖြစ်ပါတယ်။

Over 25% of Google's code is now written by AI—and CEO Sundar Pichai says it's just the start : r/technology

ဒါပေမယ့် အနာဂတ်မှာ Entry-level Coding အလုပ်တွေမှာ လူသားတွေ နေရာဖယ်ပေးရနိုင်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ အင်ဂျင်နီယာတွေဟာ AI ခေတ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ပြီး အရည်အချင်း တိုးတက်အောင် အမြဲ ကြိုးစားလာရမှာ ဖြစ်ပါတယ်။

AI ဟာ စွမ်းရည်မြင့်မားလာပြီး နယ်ပယ်များစွာမှာ အသုံးချလာကြပါတယ်။ ဒါပေမယ့် AI ကြောင့် လူသားတွေ အလုပ်ပြုတ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာပါတယ်။

Ref : TrakIn