Tesla Cybertruck ဟာ တရုတ်က BYD ရဲ့ စက်ရုံကို ရောက်နေတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ တော်တော်နာမည်ကြီးနေပါတယ်။ ဘာလို့ ရောက်နေတာလဲ ဆိုတာကို လူတွေက စိတ်ဝင်စားနေကြပါတယ်။ ဖြစ်နိုင်တာက BYD ဟာ Tesla Cybertruck ကို ကော်ပီကူးဖို့ ကြိတ်ကြံနေတာပါ။

Tesla Cybertruck Spotted at Chinese BYD Facility — Is a China Launch on the Horizon? | IBTimes UK

စက္ကန့် ၄၀ ကြာတဲ့ ဗီဒီယိုမှာ လူတွေဟာ BYD စက်ရုံက Cybertruck ကို လေ့လာနေကြပြီး ကားရဲ့ ဘက်ပေါင်းစုံကိုလည်း ပြသထားပါတယ်။ အဲဒီကားဟာ အစောပိုင်း နမူနာမော်ဒယ် ဖြစ်ပေမယ့် Tesla ရဲ့ ဒီဇိုင်းနဲ့ နည်းပညာတွေကို BYD က လေ့လာနိုင်အောင် အသုံးဝင်ပါတယ်။

BYD allegedly caught 'reverse engineering' Tesla Cybertruck in China

BYD ဆီကို Cybertruck ရောက်လာတာနဲ့ ပတ်သက်ပြီး သီအိုရီ ၂ ခု ရှိပါတယ်။ တစ်ခုက ကားလောကမှာ ကုမ္ပဏီတွေဟာ ပြိုင်ဖက် ကုမ္ပဏီရဲ့ ကားကို ဝယ်ယူပြီး ဒီဇိုင်းနဲ့ Feature တွေကို လေ့လာကြပါတယ်။ BYD ဟာ EV ဈေးကွက်မှာ Cybertruck ဟာ ဘာလို့ ထူးခြားနေတာလဲ ဆိုတာကို လေ့လာချင်ပုံရပါတယ်။

နောက်တစ်ခုက BYD ဟာ Cybertruck ကို တစ်စစီဖြုတ်ပြီး ဘက်ထရီ၊ Electrical System နဲ့ တခြား ထူးခြားတဲ့ နည်းပညာတွေကို လေ့လာချင်ပုံရပါတယ်။ အဲဒီကနေ Cybertruck ကို ယှဉ်ဖိုက်နိုင်မယ့် ကားကို BYD က တည်ဆောက်ချင်ပုံရပါတယ်။

BYD ဟာ တရုတ်မှာသာမက နိုင်ငံတကာမှာလည်း အောင်မြင်နေပါတယ်။ အခုလည်း Cybertruck ကို ဘယ်လို ကော်ပီကူးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : Technology Innovation