Meta က AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေကို အလိုအလျှောက် စစ်ဆေးနိုင်ပြီး Watermark ထည့်ပေးနိုင်တဲ့ Video Seal အမည်ရ Tool အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ Deepfake ဗီဒီယိုတွေကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ Meta က Video Seal ကို Open-source လုပ်ပေးမှာ ဖြစ်ပေမယ့် အခုထက်ထိ ကုဒ်တွေကို မမျှဝေထားသေးပါဘူး။

Monetizing Reels to Introducing NFTs: 10 Key Points From Mark Zuckerberg's Announcement For Meta Expansion - The420.in

Generative AI ဟာ အဆင့်မြင့်လာပြီး Deepfake ကို အသုံးပြုကာ လိမ်လည်မှုတွေ ပြုလုပ်လာကြပါတယ်။ Deepfake ဆိုတာက ဥပမာ ပြောရရင် သင့်မျက်နှာကို တခြားလူက အသုံးပြုကာ ဗီဒီယို အတုတွေ ဖန်တီးပြီး လိမ်လည်ကြတာ ဖြစ်ပါတယ်။

AI နည်းပညာ မြင့်မားလာတာနဲ့အမျှ Deepfake တွေကို ခွဲခြားဖို့ ခက်ခဲလာပါတယ်။ McAfee ရဲ့ စစ်တမ်းအရ လူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အသံ အစစ်လား၊ AI နဲ့ ပြုလုပ်ထားတဲ့ အသံလားဆိုတာကို မခွဲခြားနိုင်ဘူးလို့ သိရပါတယ်။ Sumsub ရဲ့ ဒေတာ အရ Deepfake အသုံးပြုတဲ့ လိမ်လည်မှုဟာ ၂၀၂၂ ခုနှစ်မှာ မြောက်အမေရိကမှာ ၁,၇၄၀ ရာခိုင်နှုန်းနဲ့ အာရှ-ပစိဖိတ်မှာ ၁,၅၃၀ ရာခိုင်နှုန်း မြင့်မားလာပါတယ်။

What is a metaverse? Mark Zuckerberg is going meta over them | Fortune

၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ အဲဒီ အရေအတွက်ဟာ ၁၀ ဆ ပိုများလာပါတယ်။ အဲဒါကို တိုက်ဖျက်ဖို့ ကုမ္ပဏီများစွာဟာ AI ဗီဒီယိုတွေမှာ Watermark ထည့်သွင်းဖို့ ကြိုးစားလာကြပါတယ်။ ဥပမာ ပြောရရင် Google ဟာ AI နဲ့ ပြုလုပ်ထားတဲ့ စာသားနဲ့ ဗီဒီယိုမှာ Tag ထည့်သွင်းဖို့ SynthID ကို အသုံးပြုလာပါတယ်။

အခုတော့ Meta ကလည်း Video Seal နဲ့ အဲဒီလို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီ Watermark ကို ဗီဒီယို Editing Tool တွေနဲ့ ဖျက်လို့၊ မှုန်ဝါးလို့ မရဘူးလို့ သိရပါတယ်။

Ref : msn