OpenAI CEO Sam Altman က Elon Musk ကို အနိုင်ကျင့်သူလို့ လူသိရှင်ကြား ဝေဖန်လိုက်ပြီး Jeff Bezos , Bill Gates နဲ့ Mark Zuckerberg တို့လို နာမည်ကျော်တွေကိုလည်း သူ ပြဿနာရှာခဲ့တဲ့အကြောင်းကို ပြောလိုက်ပါတယ်။
Altman က OpenAI ရဲ့ အစောပိုင်းအောင်မြင်မှုမှာ Musk ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို သိပေမယ့် Musk ဟာ ၂၀၁၈ ခုနှစ်မှာ ဘုတ်အဖွဲ့က ထွက်ခွာခဲ့ပြီး ကုမ္ပဏီကို ဝေဖန်ခဲ့ကြောင်းနဲ့ ကုမ္ပဏီကို တရားစွဲခဲ့ကြောင်း ပြောပါတယ်။
Altman က Musk ဟာ OpenAI ရဲ့ အောင်မြင်မှုကို မုန်းတီးနေတာ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် AI ကုမ္ပဏီ ဖြစ်တဲ့ xAI ဟာ OpenAI ကို ယှဉ်ပြိုင်ချင်နေတာလို့ ပြောပါတယ်။ Altman က Musk ဟာ OpenAI ရဲ့ လက်ရှိ လမ်းကြောင်းကို ထောက်ပံ့ကူညီပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
Musk ဟာ OpenAI က အစောပိုင်းက လူသားတွေကို ကူညီပေးဖို့ ရည်ရွယ်ထားရာကနေ နောက်ပိုင်းမှာ အကျိုးစီးပွားရှာလာတဲ့အပေါ် မကြာခဏ ဝေဖန်ကန့်ကွက်နေသူ ဖြစ်ပါတယ်။
Ref : Tech Explorers