တောင်ကိုရီးယားမှ KAIST’s Exoskeleton Laboratory က မသန်စွမ်းသူတွေကို လမ်းလျှောက်စေနိုင်တဲ့ Iron Man ဝတ်စုံကို တီထွင်လိုက်ပါတယ်။ အဲဒီ ဝတ်စုံကို WalkON Suit F1 လို့ နာမည်ပေးထားပါတယ်။
အောက်ပိုင်းသေနေသူ Kim Seung-hwan က အဲဒီ ဝတ်စုံကို ဝတ်ပြီး လမ်းလျှောက်သရုပ်ပြခဲ့ပါတယ်။ ဝတ်စုံကြောင့် သူဟာ တစ်နာရီကို ၃.၂ ကီလိုမီတာ အမြန်နှုန်းနဲ့ လမ်းလျှောက်နိုင်ပြီး ထိုင်ခုံပေါ်မှာတောင် ထိုင်နိုင်ပါတယ်။
ဝတ်စုံဟာ ၅၀ ကီလိုဂရမ် အလေးချိန်ရှိပြီး အလူမီနီယမ်၊ တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပါတယ်။ လူ့ အရိုးအဆက်တွေကို တုပထားတဲ့ မော်တာ ၁၂ လုံး တပ်ဆင်ထားပြီး ကိုယ်ခန္တာ ဟန်ချက်ညီစေဖို့ ဆန်ဆာတွေ ထည့်သွင်းထားပါတယ်။ လမ်းပေါ်က အတားအဆီးတွေ ၊ လှေခါးတွေကို မြင်နိုင်တဲ့ အရှေ့ ကင်မရာတွေ ပါလာပါတယ်။
Iron Man ကို အတုခိုးထားတဲ့ ဝတ်စုံကြောင့် Kim ဟာ Cybathlon 2024 မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး စက်ရုပ်တွေဟာ မသန်စွမ်းသူတွေကို ကူညီပေးနိုင်တာကို သက်သေပြသနိုင်ခဲ့ပါတယ်။
Ref: Tech Explorers