LG က ကမ္ဘာ့ ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ TV ကို ကြေညာလိုက်ပြီး နည်းပညာ မြင့်သလို ဈေးကလည်း မသေးပါဘူး။

LG Signature OLED T ဟာ LG ရဲ့ နောက်ဆုံးထုတ် TV ဖြစ်ပြီး TV ဈေးကွက်ကို ဆန်းသစ်စေပါတယ်။ ဒေါ်လာ ၅၉,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၂,၁၀၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။

New transparent TV priced at $59,999: LG's Signature OLED T

LG က အဲဒီ TV ကို လတ်စ်ဗီးဂတ်စ်မှ Consumer Electronics Show (CES) မှာ ၂၀၂၄ ခုနှစ် အစောပိုင်းက ပြသခဲ့တာ ဖြစ်ပြီး အခုတော့ ရောင်းချပေးလိုက်ပါတယ်။ ဒီဇိုင်း ဆန်းသစ်ပြီး 3D Image နဲ့ Video တွေဟာ လေပေါ်မှာ ပေါ်နေသလို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

New transparent TV priced at $59,999: LG's Signature OLED T

TV ဟာ ၇၇ လက်မ ဖြစ်ပြီး OLED နည်းပညာ ပါပါတယ်။ 4K High Resolution Video တွေကို ပြသပေးနိုင်ပါတယ်။ LG Electronics ရဲ့ Home Entertainment Division မှ ဒုတိယ ဥက္ကဌ Andrew Sivori က “ ဖောက်ထွင်းမြင်ရတဲ့ OLED TV ကို အိမ်မှာ ကြိုက်တဲ့ နေရာမှာ ထားနိုင်ပါတယ်။ နေရာကျဉ်းရင်တောင် အဆင်ပြေပါတယ်။ “ လို့ ပြောပါတယ်။

အဲဒီ TV ကို ဒီလ ၁၈ ရက်နေ့က စတင်ကာ LG Website နဲ့ Best Buy မှာ ရောင်းချပေးလိုက်ပါပြီ။

Ref : Tech Explorers