ဖုန်း ဒါမှမဟုတ် tablet တစ်လုံးကို Android ထဲက ရွေးဝယ်ပြီဆိုရင် App တော်တော်များများ ထည့်တတ်ကြပါတယ်။ ဂိမ်းကလွဲပြီး တခြားအသုံးဝင်တဲ့ App တွေထဲမှာဆိုရင် ဒီငါးမျိုးကိုတော့ ကိုယ့် Android Device ထဲမှာ ထည့်ထားသင့်ပါတယ်။
- Browser
ကိုယ်လိုချင်တာ လှန်လှောရှာဖွေနိုင်ဖို့ Browser တစ်မျိုးတော့ထည့်ထားသင့်ပါတယ်။ Opera Mini, Chrome, UC Browser စသဖြင့် များစွာရှိတဲ့ထဲကမှ မိမိနှစ်သက်ရာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
- Communication
အပြန်အလှန် ဆက်သွယ်ဖို့နဲ့ ကိုယ့်အသိအကျွမ်းဟောင်းတွေကို ပြန်လည်ရှာဖွေနိုင်ဖို့ Social App တွေ ရှိဖို့လိုပါတယ်။ Facebook, Messenger, Viber, LINE လိုမျိုး App အများကြီးရှိတဲ့ အတွက်ကြောင့် အသုံးဝင်ပါလိမ့်မယ်။
ရှုခင်းလေးလှလို့ ရိုက်တာပဲဖြစ်ဖြစ် IG မှာတင်ဖို့ edit လုပ်ချင်တာပဲ ဖြစ်ဖြစ် ဓာတ်ပုံပြင်တော့မယ် ဆိုရင် Photo Editing App တွေအများကြီးရှိပါတယ်။ အသုံးအများဆုံးကတော့ Picart, Photo Grid နဲ့ Instamag တို့ဖြစ်ပါတယ်။
- Dictionary
မိမိသိလိုတဲ့ စကားလုံးကို အချိန်မရွေးသိနိုင်ဖို့ အဘိဓာန်တစ်အုပ်တော့ လိုပါမယ်။ ဘာသာစကား လေ့လာနေသူတွေနဲ့ မိမိအလုပ်အတွက် လိုအပ်သူများကတော့ သက်ဆိုင်ရာ စကားပြောအဘိဓာန်များ Download ဆွဲနိုင်ပါတယ်။ Oxford ကတော့ လူကြိုက်အများဆုံး Dictionary ပါ။
- Entertainment
ပျင်းတဲ့အချိန် ဒါမှမဟုတ် အားလပ်ချိန်တွေမှာ ရုပ်ရှင်ကြည့် သီချင်းနားထောင်မယ်ဆိုရင် Playlist တွေ Movie rP