စမတ်ဖုန်းနဲ့ လူသားတွေရဲ့ ဘ၀က ခွဲခြားလို့မရတော့ပါဘူး။ သူတို့က ကျွန်တော်တို့ မိသားစုဘ၀၊အလုပ်၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုတွေမှာလည်း ပုံစံတွေ ပြောင်းလဲလာပါတယ်။ အသုံးဝင်နိုင်မယ့် မိုဘိုင်း Apps တွေကို ဒေါင်းလုပ်ခ်ဆွဲပြီး အသုံးပြုကြည့်ရအောင်။
Clap! Phone Finder
အကယ်၍ ကိုယ့်ဖုန်းကို အထားမှားပြီး ကိုယ့်နားမှာဘဲ ပျောက်နေရင် အလွယ်တကူ ရှာလို့ရတဲ့ App လေးပါ။ လက်ခုပ်လေး တီးလိုက်တာနဲ့ ဖုန်းဆီကနေ အသံတစ်သံထွက်လာမှာပါ။ ဒီ App က ဘက်ထရီ အနည်းငယ်ဘဲ သုံးတာကြောင့် အကြာကြီးခံနိုင်ပါတယ်။ Android ဖုန်းတွေမှာ အသုံးပြုလို့ရပါတယ်။
ProShot
iOS နဲ့ Android အတွက် အသုံးပြုလို့ရတဲ့ App ဖြစ်ပါတယ်။ ဒီ App က အခုမှ စပြီးဓာတ်ပုံပညာလေ့လာသူတွေအတွက် အသုံးဝင်မယ့် App ပါဘဲ။ ဓာတ်ပုံရိုက်ချိန်မှာ Focus တို့ အလင်းအမှောင်တို့ကို ချိန်ညှိနိုင်တဲ့ App ဘဲဖြစ်ပါတယ်။ လက်ချောင်းတစ်ခုတည်းနဲ့ Zoom-in, Zoom-out လုပ်လို့ရပါတယ်။
Goodlook
ဒါက အလှအပ၊ ဖက်ရှင်နဲ့ပတ်သက်တဲ့ App လေးပါ။ iOS နဲ့ Android ပါ အသုံးပြုလို့ရတဲ့ App ဖြစ်ပါတယ်။ သူကနောက်ဆုံးပေါ် ဖက်ရှင်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို နေ့စဉ်နဲ့အမျှတင်ပေးထားပါတယ်။ ကိုယ့်လက်ရှိရှိနေတဲ့ အ၀တ်အစားတွေကို ဖက်ရှင်ကျကျဘယ်လို ပြောင်းလဲ ၀တ်ဆင်မလဲဆိုတာကို သိနိုင်အောင် ကူညီပေးမယ့် App လေးဖြစ်ပါတယ်။
Remote Mouse
ကွန်ပျုတာရဲ့ Mouse အဖြစ်အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။ တခါတလေ ရုပ်ရှင်ကြည့်နေချိန်၊ Presentation လုပ်နေချိန် ကိုယ့် Wireless Mouse က ဓာတ်ခဲအားနေရင် ကွန်ပျုတာနဲ့ ဖုန်းကို ချိတ်ပြီး Mouse အဖြစ်သုံးလို့ရပါတယ်။ iOS, Android နဲ့ Windows Phone တွေမှာပါ အသုံးပြုလို့ရပါတယ်။
မြို့ပေါင်း ၈၀၀ ကျော်က လူပေါင်း သန်း၃၀ လောက်အသုံးပြုနေတဲ့ မြေပုံ App လေးဖြစ်ပါတယ်။ ၂၄ နာရီတိုင်း ကမ္ဘာပေါ်က မြို့တစ်မြို့ကို App ထဲမှာ ထည့်သွင်းနေတာကြောင့် မကြာမီမှာ တစ်ကမ္ဘာလုံး အသုံးပြုလို့ရတော့မှာပါ။ ကိုယ်သွားမယ့်နေရာအတွက်အကောင်းဆုံး လမ်းတွေ၊ စီးရမယ့်ရထားတွေ ဘတ်စ်ကားတွေကိုပါ ညွှန်ပြပေးနိုင်ပါတယ်။ iOS, Android နဲ့ Windows Phone တွေမှာပါ အသုံးပြုလို့ရပါတယ်။
Marvin
စာဖတ်ဝါသနာပါသူတွေ သဘောကျမယ့် e-Book တွေ ဖတ်လို့ရတဲ့ App လေးပါ။ စာဖတ်နေချိန် နောက်ခံ Background ရဲ့ အရောင်၊ စာလုံးတွေရဲ့ အရောင်ကို ပြောင်းလဲနိုင်ရုံသာမက စာအုပ်တစ်ခုကို ဖတ်ရသလို ကိုယ်မှတ်ချင်တာတွေကိုလည်း မှတ်ထားလို့ရပါတယ်။ အဲ့ဒီအပြင် စာအုပ်ရေးသူရဲ့ အကြောင်း၊ စာအုပ်ထဲမှာပါဝင်တဲ့ သမိုင်းဝင် အဖြစ်အပျက်တွေနဲ့ တခြားအကြောင်းအရာတွေကိုလည်း အလွယ်တကူ ရှာနိုင်အောင် ပြုလုပ်ထားပါတယ်။ iOS သုံးတဲ့ Apple ဖုန်းတွေထဲမှာဘဲ အသုံးပြုလို့ရပါတယ်။
Cool Reader
Cool Reader က Android ဖုန်းတွေအတွက် အကောင်းဆုံး e-Book App တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဘယ်လို Format ဘဲဖြစ်ဖြစ် fb2, epub, txt, doc, rtf, html,c hm, tcr, pdb, prc, mobi စတဲ့ Format မျိုးစံကို ဖတ်ရှုနိုင်တဲ့ Reader App ဖြစ်ပါတယ်။ စာတွေရဲ့ အရွယ်အစား၊ Font ပုံစံ၊ နောက်ခံ အရောင်၊ ဘေးမျဉ်း၊ တစ်လိုင်းနဲ့တစ်လိုင်းကြားက အကွာအဝေးစတာတွေကို ကိုယ့်စိတ်ကြိုက်ချိန်ညှိလို့ရပါတယ်။