Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ “ellieeewbu” ကနေ Apple iPhone တွေရဲ့ Photo App မှာ ထူးဆန်းတာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Apple iPhone Photos App ရဲ့ Search မှာ အမျိုးသမီး အပေါ်ပိုင်းအတွင်းခံ ဘရာစီယာနာမည်ဖြစ်တဲ့ “Brassiere” လို့ ရိုက်ရှာလိုက်ရင် ရိုက်ကူးထားတဲ့ ဘရာစီယာပါဝင်တဲ့ ဓါတ်ပုံတွေအကုန်လုံး Category တစ်ခုအနေနဲ့ ကျလာတာပဲဖြစ်ပါတယ်။
ATTENTION ALL GIRLS ALL GIRLS!!! Go to your photos and type in the ‘Brassiere’ why are apple saving these and made it a folder!!?!!?????
— ell (@ellieeewbu) October 30, 2017
အဆိုပါ ကိစ္စအနေနဲ့ Twitter မှာ အမျိုးသမီးအတော်များများကပြောဆိုနေကြပြီး အခြား “Bikinis” လိုမျိုး ရိုက်ရှာလိုက်ရင်လည်း အလားတူပုံတွေကို Category တစ်ခုအနေနဲ့ ကျလာကြောင်းသိရပါတယ်။
ဒါပေမယ့် ဒါက Apple ရဲ့ ပြီးခဲ့တဲ့ ဂျွန်လ ၂၀၁၆ ခုနှစ်တုန်းကမိတ်ဆက်ခဲ့တဲ့ Image Recognition စနစ်က ပိုပြီးကောင်းမွန်လာတာလို့ပဲယူဆရပြီး Apple Website မှာလည်း Apple ကနေ ဓါတ်ပုံတွေကနေ ခွဲခြားနိုင်တဲ့အရာဝတ္ထုက အခုဆိုရင် ၄၄၃၂ Keywords အထိရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒီ Keywords ၄၀၀၀ ကျော်ထဲမှာလည်း Brassiere ပါဝင်နေတဲ့အတွက် အခုလိုမျိုး ရှာဖွေလို့ရနေတာက Apple ရဲ့ Features တစ်ခုလို့ပဲ ပြောလို့မှာပါ။
အခုလို Image Recognition စနစ်ကို Google Photos မှာလည်း ၂၀၁၅ ခုနှစ်ထဲက ရရှိနေတာဖြစ်ပြီးတော့ အခုလိုမျိုး Keyword ရိုက်လိုက်ရုံနဲ့ ရှာဖွေလို့ရနေတာက Apple ရော Google ရော ဓါတ်ပုံတွေကို Cloud မှာ သိမ်းဆည်းတတ်တဲ့အတွက် လုံခြုံရရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။