Huami Amazfit ကုမ္ပဏီဟာ Xiaomi ရဲ့ အခွဲဖြစ်ပြီး Smartwatch လိုမျိုး Wearables တွေကိုပဲ အဓိကထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာလည်း Xiaomi ကနေ Amazfit 2 Smartwatch အသစ်ကို ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

ယခုထုတ်လုပ်လိုက်တဲ့ Amazfit 2 Smartwatch ဟာ Android Wear OS ကို အသုံးပြုထားတာမဟုတ်ပဲ Xiaomi ရဲ့ ကိုယ်ပိုင် Watch OS ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ Amazfit 2 Smartwatch ဟာ ယခင် Amazfit Smartwatch နဲ့ ယှဉ်ရင် အများအပြားပိုကောင်းမွန်လာပြီးကိုယ်ထည်ကိုလည်း အကောင်းစား Carbon Fiber Reinforced Polycarbonate သားနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘေးဘောင်တွေက Ceramic နဲ့ ပြုလုပ်ထားပြီး ကိုယ်ထည်ကိုလည်း လုံးဝအစင်းမထင်အောင် 2.5D Sapphire Crystal နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Amazfit 2 Smartwatch ရဲ့ စွမ်းဆောင်ရည်တွေကလည်း မြင့်မားပြီး 320 × 320 Pixels Resolution ရှိတဲ့ 1.34″ Display, Dual Core 1.2 Ghz CPU, 512MB RAM နဲ့ 4GB ROM တို့ပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့လည်း 280mAh battery ပါဝင်မှာဖြစ်ပြီး ၅ ရက်ခံတဲ့ Battery Life ကိုရရှိမှာဖြစ်တယ်လို့သိရပါတယ်။ ရေစိုခံတဲ့အပြင် မီတာ ၅၀ အနက်ထိလည်း ယူဆောင်သွားလို့ရမှာပါ။ အခြားသော GPS, PPG hear rate sensor, Triaxial Accelerometer, Gyro, Geomagnetic Sensor, Barometer နဲ့ Ambient Light Sensor တွေလည်း အပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။

အခု Xiaomi ရဲ့ Amazfit 2 Smartwatch ကို ဒေါ်လာ ၁၅၀ ခန့်နဲ့ ဒီဇင်ဘာလ ၃၁ ကစတင်ပြီးတော့ရောင်းချသွားမယ်လို့ သိရပါတယ်။