iPhone တွေကလည်း Model အသစ်တစ်မျိုးပြီး တစ်မျိုး ထွက်သလို Update ဖြစ်တဲ့ App တွေအများကြီးလည်း အချိန်နဲ့အမျှ ထွက်ရှိနေပါတယ်။ iPhone User တွေ အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ App အသစ်အဆန်းလေးတွေကိုတော့ ဖော်ပြပေးလိုက်ရပါတယ်။ installed လုပ်ထားပြီး သူများတွေကို လိုက်ကြွားလို့ရတာပဲလေ။ ဟုတ်ဘူးလား။
Bandimal
အင်မတန်ချစ်ဖို့ကောင်းတဲ့ App လေးပါ။ မိန်းကလေးတွေနဲ့ ကလေးတွေက ပိုသဘောကျပါလိမ့်မယ်။ တိရိစ္ဆာန်လေးတွေရဲ့ အသံလေးတွေကို ပုံလေးတွေနဲ့တကွ တီထွင်ဖန်တီးနိုင်မှာပါ။ Cutest Music Making App လို့တောင် ဆိုလို့ရပါတယ်။ မိမိဖန်တီးထားတဲ့ သံစဉ်အသစ်တွေကိုလည်း Auto Save လုပ်ပေးပြီးသား ဖြစ်ပါတယ်။
Playground AR
မိမိတီထွင်ချင်တဲ့ ကစားစရာအရုပ်လေးတွေကို ကိုယ်ကိုယ်တိုင် တစ်ခုချင်းစီဆက်ပြီး ဖန်တီးရမှာဖြစ်ပါတယ်။ Playground ထဲမှာ ဆော့နေရသလိုပါပဲ။
Afterlight 2
လုံးဝအမိုက်စား Photo Editing App ဖြစ်ပါတယ်။ iPhone Camera နဲ့ ရိုက်တဲ့ပုံတွေက မိုက်ပြီးသားဆိုတော့ Afterlight လေးနဲ့ ထပ် Edit လိုက်ရင် ပုံတွေဆိုတာ အလန်းဇယားပဲ။
Skyguide AR
ဒီ App လေးရှိရင်တော့ ညဘက် အပြင်ထွက်လိုက်ရုံပါပဲ။ မိမိဖုန်းကို ဟိုဘက်သည်ဘက် ရွှေ့ပေးလိုက်ပါ။ ကောင်းကင်မှာရှိတဲ့ ကြယ် လ တာရာ နက္ခတ် ဂြိုဟ်တုတွေကို အကုန်မြင်ရမှာ ဖြစ်ပါတယ်။
Moji Maker
အားလုံးစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကိုယ်တိုင် Own Emoji လေးတွေ ထွင်လို့ရတယ်ဆိုရင်ပေါ့။ မိမိလိုချင်တဲ့ Emoji လေးတွေကို စိတ်ကြိုက်တီထွင်နိုင်မယ်ဆိုတော့ အပျင်းပြေစေမယ့်အပြင် ပျော်ဖို့လည်း ကောင်းမှာပါ။