Samsung ကနေ Galaxy S9 စမတ်ဖုန်းကိုလာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားဝင်ကြေငြာသွားတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး ထွက်ရှိမယ့်ရက်ကို အတိအကျထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အချို့သောသူတွေက စတင်ပြီးတော့ Samsung Galaxy S9 ရဲ့ ဈေးနှုန်းကို ခန့်မှန်းလာကြပြီပဲဖြစ်ပါတယ်။
Samsung ရဲ့ ပြီးခဲ့နှစ်ကထုတ်လုပ်ခဲ့တဲ့ Samsung Galaxy S8 စမတ်ဖုန်းဟာ ဒေါ်လာ ၇၅၀ ကနေ စတင်ခဲ့တာဖြစ်ပြီးတော့ ဈေးနှုန်းအရ အခုနှစ်မှာထွက်ရှိမယ့် Samsung Galaxy S9 ကလည်း S8 နဲ့ ဈေးတူတူပဲရောင်းချမှာဖြစ်တယ်လို့ အချို့ကခန့်မှန်းနေကြပေမယ့် Ricciolo အမည်ရှိတဲ့ Leak ပြုလုပ်တဲ့သူကတော့ အမြင်မတူပါဘူး။
အဆိုပါသူပြောကြားချက်အရဆိုရင် Samsung ဟာ Galaxy S7 ဖုန်းကို ဒေါ်လာ ၆၅၀ နဲ့ ရောင်းချခဲ့ပြီး အခု S8 ကိုတော့ ဒေါ်လာ ၇၅၀ နဲ့ ရောင်းချခဲ့တဲ့အတွက်ကြောင့် Qualcomm Snapdragon 845 CPU နဲ့ ကင်မရာပိုင်း အဆင့်မြှင့်တင်မှုတွေပြုလုပ်လာတဲ့ Samsung Galaxy S9 ဟာ ဘယ်လိုမှ Galaxy S8 နဲ့ ဈေးမတူညီနိုင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Sorry but your leakers are WRONG… #GalaxyS9 #GalaxyS9Plus DUO are going to be annouced 25 FEBRUARY ! Prepare your money… the most EXPENSIVE GALAXY EVER… ?✅?♂️ pic.twitter.com/r7PeMsSxVM
— Ricciolo (@Ricciolo1) January 16, 2018
Samsung ကနေ Galaxy S9 စမတ်ဖုန်းကို တကယ်ပဲ ဒေါ်လာ ၈၀၀ ကျော်နဲ့ရောင်းချပြီး လက်ရှိ Samsung Galaxy S Series စမတ်ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးစမတ်ဖုန်းတစ်ခုဖြစ်လာမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။