Samsung ရဲ့ Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေဟာ အခုဆိုရင် လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကြေငြာသားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသတင်းတွေအရ Samsung ကနေ Apple iPhone X ရဲ့ Face ID စနစ်ကို ကျော်တက်မယ့် နည်းပညာတစ်ခုကို Galaxy S9 မှာ ထည့်သွင်းလာတော့မယ်လို့ သိရပါတယ်။

အခုနည်းပညာကို IntelligentScan လို့ နာမည်ပေးထားပြီးတော့ အခု Feature ဟာ Samsung ရဲ့ Iris Scanner နဲ့ Face Recognition စနစ်တွေကို ပြိုင်တူအလုပ်လုပ်စေမှာဖြစ်ပြီးတော့ Apple Face ID ထက်တောင် လုံခြုံတဲ့ Unlocking Method တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အလင်းရောင်နည်းပါးတဲ့ နေရာတွေနဲ့ အရမ်းအလင်းများတဲ့နေရာတွေမှာပါ ကောင်းကောင်းအလုပ်လုပ်ဦးမှာပါ။

အခု Samsung ရဲ့ နည်းပညာဟာ ကောင်းမွန်တယ်ဆိုပေမယ့် တကယ်တမ်းအသုံးပြုမှုတွေမှာတော့ Apple ရဲ့ Face ID စနစ်ကို ကျော်နိုင်ပါ့မလားဆိုတာကတော့ မရေရာတဲ့မျှော်လင့်ချက်အနေနဲ့ပဲ ရှိနေသေးတာဖြစ်ပါတယ်။