Huawei ရဲ့ Honor Series စမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေလို့ လူသိများကြတာပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Honor ကနေ အဆင့်မြင့် စမတ်ဖုန်းတစ်ခုကို လာမယ့် မေလ ၁၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။
Huawei ကိုယ်တိုင်ကလည်း Huawei P20 စမတ်ဖုန်းကို ပြီးခဲ့တဲ့ လတုန်းက ကြေငြာခဲ့သလိုပဲ အခု Honor ကနေ ကြေငြာမယ့် Honor 10 စမတ်ဖုန်းဟာ Huawei P20 နဲ့ တူညီတဲ့ စွမ်းဆောင်ရည်ရှိလာမယ်လို့ ယူဆရပါတယ်။
Honor ရဲ့ မနှစ်ကထုတ်လုပ်ခဲ့တဲ့ Honor 9 စမတ်ဖုန်းက Huawei Mate 10 Pro မှာ အသုံးပြုထားတဲ့ Kirin 970 Processor ကို အသုံးပြုထားပေမယ့် ဈေးနှုန်းက Mate 10 Pro ထက် ဈေးနှုန်းထက်ဝက်လောက်သက်သာနေတာပဲဖြစ်ပါတယ်။
အဲ့ဒီအတွက် အခုထွက်ရှိလာမယ့် Honor 10 စမတ်ဖုန်းကလည်း P20 စမတ်ဖုန်းနဲ့ စွမ်းဆောင်ရည်တူညီပြီးတော့ ဈေးအနေနဲ့ ထက်ဝက်သက်သာလာမလား.. ဒါမှမဟုတ် Huwaei P20 Pro ဖုန်းလိုမျိုး ကင်မရာ ၃ လုံးနဲ့ ထွက်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။