Zawgyi Font Version

Samsung Smartphone ေတြဟာ Software Update နဲ႔ပတ္သက္လာရင္ ျမန္ဆန္မွုမရွိခဲ့ပါ။ ဒါေပမယ့္လည္း ေနာက္ထပ္ထြက္လာတဲ့ Flagship ေတြအတြက္ေတာ့ Software Update ေတြျမန္ျမန္ဆန္ဆန္ထြက္လာတာေတြ႔ရပါတယ္။ Android Update တိုင္းကို Samsung Experience Version အသစ္ေတြနဲ႔တြဲထြက္လာတာျဖစ္ျပီး သူ႔ရဲ႕ဖုန္းေတြမွာသံုးထားတဲ့ Hardware ေတြကို အျပည့္အဝအသံုးခ်ႏိုင္ေစဖို႔အတြက္ ၾကိဳးစားေနတာပါ။ ထြက္ရွိထားတာ မၾကာေသးတဲ့ Galaxy Note 9 ဆိုရင္ စတင္ထြက္ရွိတဲ့ အခ်ိန္ကတည္းက အဘက္ဘက္က ျပီးျပည့္စံုတဲ့ ဖုန္းတစ္လံုးျဖစ္ျပီး Camera Quality ဟာဆိုရင္ Flagship တန္းဝင္ Quality မ်ိဳးရွိပါတယ္။ အခုဆိုရင္ အဆိုပါ အရမ္းေကာင္းတဲ့ Camera ကို ပိုေကာင္းေအာင္ Software Update ထုတ္ေပးလိုက္ပါျပီ။

အဆိုပါ Software Update ကိုဒီေန႔မနက္မွာပဲ Galaxy Note 9 အသံုးျပဳသူေတြအတြက္ OTA Update အျဖစ္ျဖန္႔ခ်ီေပးလိုက္တာပါ။ Notification Bar မွာ OTA Update မေပၚလာခဲ့ရင္လည္း Setting ထဲက Software Update ထဲဝင္ျပီး OTA ရယူႏိုင္ပါတယ္။ Note 9 အသံုးျပဳသူေတာ္ေတာ္မ်ားမ်ားက Note 9 ရဲ႕ Camera Quality ကို အရမ္းေကာင္းတယ္လို႔ျမင္ၾကျပီး အခ်ိဳ႕ကေတာ့ Sharpening Effect အရမ္းမ်ားေနတယ္လို႔ျမင္ၾကပါတယ္။ ဒီ Update မွာေတာ့ Camera ရုပ္ထြက္ကိုေသခ်ာျပန္ညွိေပးထားပါတယ္။

Galaxy Note 9 ဟာ ပထမဆံုးအေနနဲ႔ Scene Optimizer ဆိုတဲ့ Camera Feature ပါဝင္တဲ့ ဖုန္းတစ္လံုးျဖစ္ျပီး Camera Performance ပိုင္းကိုေရွ႕ေလ်ာက္ပိုမိုေကာင္းမြန္လာေအာင္ အဆင့္ျမွင့္တင္ေပးသြားမွာပါ။ သင္အခုဒီ Article ကိုဖတ္ေနတဲ့အခ်ိန္မွာပဲ Samsung က ေတာက္ေလ်ာက္ Software Development ပိုင္းအတြက္ၾကိဳးစားစမ္းသပ္ေနျပီး Software Update အရမ္းေႏွးတဲ့ ဖုန္းေတြဆိုတဲ့နာမည္ဆိုးကိုေဖ်ာက္ဖ်တ္ဖို႔ၾကိဳးစားေနပါတယ္။ Note 9 အသံုးျပဳသူေတြဆိုရင္ Camera Quality ပိုေကာင္းလာေစဖို႔ အခုခ်က္ခ်င္း Update ျပဳလုပ္ဖို႔ အၾကံေပးပါရေစ။

Note 9 အတြက္ 300 Mb အရြယ္အစားရွိတဲ့ အဆိုပါ Update အသစ္ဟာ Camera ပိုင္းကို အဆင့္ျမွင့္တင္မွုေတြလုပ္ေပးထားျပီး စက္တင္ဘာလ Security Patch ပါဝင္လို႔ ဖုန္းလံုျခံဳေရးပိုင္းအတြက္အရမ္းစိတ္ခ်ရပါတယ္။ တိုးတက္ေျပာင္းလဲမွုေတြကေတာ့ Overall Camera Qualityပိုေကာင္းမယ္။ အလင္းကိုမ်က္ႏွာခ်င္းဆိုင္ျပီးလူပံုေတြရိုက္ရင္ မ်က္ႏွာေတြရဲ႕ အလင္းအေမွာင္ကို ျပန္ခ်ိန္ညွိေပးထားတယ္။ ညဘက္ေရာ ေန႔ဘက္ေရာမွာ HDR ႏွုန္းထားေတြကိုျပန္လည္ခ်ိန္ညွိေပးထားတယ္။ အေမွာင္ထဲရိုက္တဲ့ ပံုေတြကိုပိုလင္းေစျပီး Noise ေတြေလ်ာ့ခ်ေပးတယ္။ အဆိုပါ Update ေတြဟာ Highlight လုပ္ထားတဲ့ Update ေတြျဖစ္ျပီး တစ္ျခားမေျပာျပထားတဲ့ System Update ေတြနဲ႔ System ပိုင္းေခ်ာေမြ႔လာတဲ့ အခ်က္ေတြလည္းရွိပါေသးတယ္။

Ref: XDA News

Unicode Version

Samsung Smartphone တွေဟာ Software Update နဲ့ပတ်သက်လာရင် မြန်ဆန်မှုမရှိခဲ့ပါ။ ဒါပေမယ့်လည်း နောက်ထပ်ထွက်လာတဲ့ Flagship တွေအတွက်တော့ Software Update တွေမြန်မြန်ဆန်ဆန်ထွက်လာတာတွေ့ရပါတယ်။ Android Update တိုင်းကို Samsung Experience Version အသစ်တွေနဲ့တွဲထွက်လာတာဖြစ်ပြီး သူ့ရဲ့ဖုန်းတွေမှာသုံးထားတဲ့ Hardware တွေကို အပြည့်အဝအသုံးချနိုင်စေဖို့အတွက် ကြိုးစားနေတာပါ။ ထွက်ရှိထားတာ မကြာသေးတဲ့ Galaxy Note 9 ဆိုရင် စတင်ထွက်ရှိတဲ့ အချိန်ကတည်းက အဘက်ဘက်က ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Camera Quality ဟာဆိုရင် Flagship တန်းဝင် Quality မျိုးရှိပါတယ်။ အခုဆိုရင် အဆိုပါ အရမ်းကောင်းတဲ့ Camera ကို ပိုကောင်းအောင် Software Update ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Software Update ကိုဒီနေ့မနက်မှာပဲ Galaxy Note 9 အသုံးပြုသူတွေအတွက် OTA Update အဖြစ်ဖြန့်ချီပေးလိုက်တာပါ။ Notification Bar မှာ OTA Update မပေါ်လာခဲ့ရင်လည်း Setting ထဲက Software Update ထဲဝင်ပြီး OTA ရယူနိုင်ပါတယ်။ Note 9 အသုံးပြုသူတော်တော်များများက Note 9 ရဲ့ Camera Quality ကို အရမ်းကောင်းတယ်လို့မြင်ကြပြီး အချို့ကတော့ Sharpening Effect အရမ်းများနေတယ်လို့မြင်ကြပါတယ်။ ဒီ Update မှာတော့ Camera ရုပ်ထွက်ကိုသေချာပြန်ညှိပေးထားပါတယ်။

Galaxy Note 9 ဟာ ပထမဆုံးအနေနဲ့ Scene Optimizer ဆိုတဲ့ Camera Feature ပါဝင်တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Camera Performance ပိုင်းကိုရှေ့လျောက်ပိုမိုကောင်းမွန်လာအောင် အဆင့်မြှင့်တင်ပေးသွားမှာပါ။ သင်အခုဒီ Article ကိုဖတ်နေတဲ့အချိန်မှာပဲ Samsung က တောက်လျောက် Software Development ပိုင်းအတွက်ကြိုးစားစမ်းသပ်နေပြီး Software Update အရမ်းနှေးတဲ့ ဖုန်းတွေဆိုတဲ့နာမည်ဆိုးကိုဖျောက်ဖျတ်ဖို့ကြိုးစားနေပါတယ်။ Note 9 အသုံးပြုသူတွေဆိုရင် Camera Quality ပိုကောင်းလာစေဖို့ အခုချက်ချင်း Update ပြုလုပ်ဖို့ အကြံပေးပါရစေ။

Note 9 အတွက် 300 Mb အရွယ်အစားရှိတဲ့ အဆိုပါ Update အသစ်ဟာ Camera ပိုင်းကို အဆင့်မြှင့်တင်မှုတွေလုပ်ပေးထားပြီး စက်တင်ဘာလ Security Patch ပါဝင်လို့ ဖုန်းလုံခြုံရေးပိုင်းအတွက်အရမ်းစိတ်ချရပါတယ်။ တိုးတက်ပြောင်းလဲမှုတွေကတော့ Overall Camera Qualityပိုကောင်းမယ်။ အလင်းကိုမျက်နှာချင်းဆိုင်ပြီးလူပုံတွေရိုက်ရင် မျက်နှာတွေရဲ့ အလင်းအမှောင်ကို ပြန်ချိန်ညှိပေးထားတယ်။ ညဘက်ရော နေ့ဘက်ရောမှာ HDR နှုန်းထားတွေကိုပြန်လည်ချိန်ညှိပေးထားတယ်။ အမှောင်ထဲရိုက်တဲ့ ပုံတွေကိုပိုလင်းစေပြီး Noise တွေလျော့ချပေးတယ်။ အဆိုပါ Update တွေဟာ Highlight လုပ်ထားတဲ့ Update တွေဖြစ်ပြီး တစ်ခြားမပြောပြထားတဲ့ System Update တွေနဲ့ System ပိုင်းချောမွေ့လာတဲ့ အချက်တွေလည်းရှိပါသေးတယ်။

Ref: XDA News