Zawgyi Font Version
Galaxy J6+ နဲ့ J4+ တို့မှာ Galaxy J series ရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်းကိုပဲ အသစ်ထပ်မံဖန်တီး တီထွင်ထားတဲ့ ဖန်သားလိုမျိုး အနောက်ဘက်မျက်နှာပြင်ပါဝင်ပါတယ်။ ကြီးမားတဲ့ မျက်နှာပြင်အခုံးဒီဇိုင်းကြောင့် အရည်အသွေးမြင့် စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့ အသုံးပြုမှုအတွေ့အကြုံတွေကို ရရှိခံစားနိုင်ပြီး သုံးစွဲသူတွေရဲ့ လက်ထဲမှာလည်း မြဲမြံစွာကိုင်တွယ်အသုံးပြုနိုင်ပါတယ်။
ဘေးဘောင်သေးသေးလေးတွေနဲ့အတူ ကြီးမားတဲ့ ၆လက်မ အရွယ်အစား HDအရည်အသွေးရှိတဲ့ အဆုံးအစမဲ့ မျက်နှာပြင်ကို ထည့်သွင်းပေးထားတာကြောင့် အကောင်းဆုံး ဂိမ်းကစားတဲ့အတွေ့အကြုံ အပြင် ဖျော်ဖြေရေးဆိုင်ရာအတွေ့အကြုံများကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆုံးအစမဲ့ မျက်နှာပြင်နဲပအတူ Split Screen လုပ်ဆောင်ချက်တွေကိုအသုံးပြုပြီး တစ်ချိန်တည်းမှာပဲ application နှစ်ခုကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Face Recognition လည်းပါဝင်တာကြောင့် ဖုန်းကိုလွယ်ကူစွာဖွင့်နိုင်ပြီး Galaxy J6+ ရဲ့ ဘေးဘောင်မှာ Fingerprint Scanner ထည့်ထားတဲ့အတွက် နောက်ဘက် မျက်နှာပြင်မှာ Fingerprint Scanner ထည့်စရာမလိုတော့လို့ နောက်ဘက်မျက်နှာပြင်ကို ရှင်းလင်းနေစေပြီး Unlock လုပ်တဲ့နေရာမှာ ပိုအထာကျစေပါတယ်။
Galaxy J6+ နဲ့ J4+ မှာ အဆင့်မြင့် ဒီဇိုင်း အသွင်အပြင်နဲ့ အထိအတွေ့တွေအပြင် အသံပိုင်းစနစ်၊ ဘက်ထရီကြာရှည်ခံမှုစနစ် နဲ့ ဖုန်းတွင်းမှတ်ဥာဏ်တွေကို ပိုမိုတိုးမြှင့်နိုင်စေဖို့ အကောင်းဆုံးအနေအထားနဲ့ ဖန်တီးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Dolby Atmos ပါဝင်တာကြောင့် ဗွီဒီယိုကြည့်ရှုရင်ပဲဖြစ်ဖြစ်၊ မိမိအကြိုက်ဆုံး သီချင်းနားထောင်ရင်ပဲ ဖြစ်ဖြစ် အကောင်းဆုံးဖျော်ဖြေမှုအတွေ့အကြုံကို ပေးစွမ်းမှာပါ။ Galaxy J4+ နဲ့ J6+ တို့မှာ အရင် Galaxy J မော်ဒယ်တွေထက် ဘက်ထရီအား ၁၀ ရာခိုင်နှုန်းပိုတဲ့ 3,300 mAh ဘက်ထရီထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းကို ကြာရှည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Power Saving Mode ပါဝင်တာကြောင့် အသုံးမပြုတဲ့ App တွေကို ပိတ်ပေးလို့ ဘက်ထရီသက်တမ်းကို ပိုမို ကြာရှည်စေပါတယ်။ Quad-core 1.4Hz processor ပါဝင်တာကြောင့် စွမ်းအင်သုံးစွဲကြမ်းတဲ့ လုပ်ဆောင်ချက်တွေ (ဥပမာ ကွာလတီမြင့် ဗွီဒီယိုကြည့်ရှုတာမျိုး) တွေကို ဘက်ထရီ အရမ်းမကုန်ဘဲ လုပ်ဆောင်နိုင်မှာပါ။ Galaxy J6+ မှာ 3GB RAM နဲ့အတူ ဖုန်းတွင်းမှတ်ဥာဏ် 32GB ပါဝင်ပြီး Galaxy J4+ မှာတော့ 2GB RAM နဲ့အတူ ဖုန်းတွင်းမှတ်ဥာဏ် 16GB ထည့်သွင်းပေးထားပါတယ်။ အဆိုပါ ဖုန်းနှစ်လုံးစလုံးမှာ SD ကဒ်ထပ်မံထည့်သွင်းပြီး ဖုန်းတွင်းမှတ်ဥာဏ်ကို 512 GB အထိ တိုးမြှင့်အသုံးပြုနိုင်ပါတယ်။
Unicode Version
SAMSUNG ကနေပြီး Galaxy J Series ဖုန်းအသစ်တွေဖြစ်တဲ့ J4+ နဲ့ J6+ မိတ်ဆက်ပွဲကို မေန႔ (အောက်တိုဘာ ၃ ရက်) က ရန်ကုန်မြို့ Lotte Hotel မှာကျင်းပခဲ့ပါတယ်။ Galaxy J Series ထုံးစံအတိုင်း ဈေးနှုန်းသင့်တင့်ပြီး စတိုင်ကျလှပတဲ့ အဆိုပါ စမတ်ဖုန်းနှစ်လုံးကို မီဒီယာများကိုမိတ်ဆက်ပြသလိုက်တာဖြစ်ပြီး မကြာခင်အချိန်အတွင်း ပြည်တွင်းမှာ ရောင်းချတော့မှာဖြစ်ပါတယ်။
ဖန်သားမျက်နှာပြင်လို ဖန်တီးထားတဲ့ လှပဆန်းသစ်တဲ့ ဖုန်းအနောက်ဘက်ဒီဇိုင်း၊ အရည်အသွေးမြင့် ကင်မရာအသုံးပြုမှုအတွေ့အကြုံ တွေနဲ့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ Galaxy J6+ နှင့် J4+ တို့ဟာ Samsung ရဲ့ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းဈေးကွက်အတွင်း ဦးဆောင်မှုကို ရေရှည်တည်တံ့စေဖို့ စွမ်းဆောင်ပေးမယ့် စမတ်ဖုန်းသစ်များဖြစ်ပါတယ်။
Galaxy J6+ နဲ့ Galaxy J4+ စမတ်ဖုန်းသစ်တွေကို မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လက်လီအရောင်းဆိုင်တွေနဲ့ Samsung အရောင်းဆိုင်ကြီးတွေမှာ အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၈ ကစပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Galaxy J6+ ကို လှပဆန်းသစ်တဲ့ အရောင် ၃ ရောင်ဖြစ်တဲ့ အနက်ရောင်၊ မီးခိုးရောင် နဲ့ အနီရောင် အစရှိသဖြင့်ရရှိနိုင်ပြီး Galaxy J4+ ကို အနက်ရောင်၊ ရွှေရောင် နဲ့ ပန်းရောင် အစရှိသဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Galaxy J6+ ကို မြန်မာငွေ ၃၀၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Galaxy J4+ ကိုတော့ ၂၀၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါအသစ်ထွက်ရှိလာတဲ့ Galaxy J Series စမတ်ဖုန်းသစ် မိတ်ဆက်ခြင်းနဲ့အတူ Samsung Myanmar နဲ့ MyTel Myanmar ပူးပေါင်းပြီး Galaxy J6+ (သို့မဟုတ်) Galaxy J4+ ဝယ်ယူသူတွေကို လစဉ် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် အနည်းဆုံး ၃၀၀၀ ကျပ်ဖြည့်သွင်းတိုင်း ဒေတာလက်ဆောင် 1GB၊ SMS အစောင်ရေ ၁၀၀ နဲ့ MyTel ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၅၀၀ ကို ၁၂ လဆက်တိုက် အထူးလက်ဆောင်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။
လှပဆန်းသစ်တဲ့မျက်နှာပြင်
Galaxy J6+ နဲ့ J4+ တို့မှာ Galaxy J series ရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုုင်းကိုပဲ အသစ်ထပ်မံဖန်တီး တီထွင်ထားတဲ့ ဖန်သားလိုမျိုး အနောက်ဘက်မျက်နှာပြင်ပါဝင်ပါတယ်။ ကြီးမားတဲ့ မျက်နှာပြင်အခုံးဒီဇိုုင်းကြောင့် အရည်အသွေးမြင့် စမတ်ဖုုန်းတွေရဲ့ ဒီဇိုုင်းနဲ့ အသုံးပြုမှုအတွေ့အကြုံတွေကို ရရှိခံစားနိုင်ပြီး သုံုးစွဲသူတွေရဲ့ လက်ထဲမှာလည်း မြဲမြံစွာကိုင်တွယ်အသုံုးပြုနိုုင်ပါတယ်။
ဘေးဘောင်သေးသေးလေးတွေနဲ့အတူ ကြီးမားတဲ့ ၆လက်မ အရွယ်အစား HDအရည်အသွေးရှိတဲ့ အဆုံုးအစမဲ့ မျက်နှာပြင်ကို ထည့်သွင်းပေးထားတာကြောင့် အကောင်းဆုံုး ဂိမ်းကစားတဲ့အတွေ့အကြုံ အပြင် ဖျော်ဖြေရေးဆိုင်ရာအတွေ့အကြုံများကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆုံုးအစမဲ့ မျက်နှာပြင်နဲပအတူ Split Screen လုုပ်ဆောင်ချက်တွေကိုအသုံုးပြုပြီး တစ်ချိန်တည်းမှာပဲ application နှစ်ခုကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Face Recognition လည်းပါဝင်တာကြောင့် ဖုုန်းကိုလွယ်ကူစွာဖွင့်နိုင်ပြီး Galaxy J6+ ရဲ့ ဘေးဘောင်မှာ Fingerprint Scanner ထည့်ထားတဲ့အတွက် နောက်ဘက် မျက်နှာပြင်မှာ Fingerprint Scanner ထည့်စရာမလိုတော့လို့ နောက်ဘက်မျက်နှာပြင်ကို ရှင်းလင်းနေစေပြီး Unlock လုပ်တဲ့နေရာမှာ ပိုအထာကျစေပါတယ်။
အရည်အသွေးမြင့် ကင်မရာ
သုံးစွဲသူများအနေနဲ့ ကင်မရာဟာ မရှိမဖြစ်အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တဲ့အတွက် ကင်မရာပိုင်းကို ဖုန်းနှစ်လုံးစလုံးမှာ အဆင့်မြှင့်တင်ပေးထားပါတယ်။ Galaxy J6+ မှာ သုံးစွဲသူတွေအနေနဲ့ Bokeh effect ကိုအသုံးပြုပြီး လှပတဲ့ဓာတ်ပုံတွေကိုရိုက်ယူနိုင်ဖို့အတွက် 13 MP နဲ့ 5MP အရည်အသွေးရှိတဲ့ Dual Camera ကို ထည့်သွင်းပေးထားပါတယ်။ Galaxy J6+ ရဲ့ Dual Camera မှာ ပါဝင်တဲ့ Live Focus လုပ်ဆောင်ချက်ကိုအသုံးပြုပြီး အလှပဆုံးရိုက်ချက်တွေ ရယူနိုင်စေဖို့ ဓာတ်ပုံမရိုက်ယူခင်ပဲဖြစ်ဖြစ်၊ ရိုက်ယူပြီးပဲ ဖြစ်ဖြစ် depth of field ကို လိုအပ်သလို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။
ဖုန်းနှစ်လုံးစလုံးမှာ ကျယ်ပြန့်တဲ့ F1.9 ရှိတဲ့ Aperture Lens (13MP) ပါဝင်လို့ အလင်းရောင်ပိုမိုဝင်ရောက်နိုင်မှာဖြစ်ပြီး အလင်းရောင်အားနည်းတဲ့ အခြေအနေတွေမှာတောင် ကြည်လင်ပြတ်သားပြီး တောက်ပတဲ့ ဓာတ်ပုံတွေကိုရိုက်ယူနိုင်မှာဖြစ်ပါတယ်။ အဲ့အပြင် ကင်မရာ App ထဲမှာ Floating Shutter ခလုတ်ပါဝင်တာကြောင့် လက်တစ်ဖက်တည်း အသုံးပြုပြီး ဓာတ်ပုံတွေကို အလွယ်တကူရိုက်ယူနိုင်မှာပါ။
အရည်အသွေးမြင့် စွမ်းဆောင်ရည်
Galaxy J6+ နဲ့ J4+ မှာ အဆင့်မြင့် ဒီဇိုုင်း အသွင်အပြင်နဲ့ အထိအတွေ့တွေအပြင် အသံပိုင်းစနစ်၊ ဘက်ထရီကြာရှည်ခံမှုစနစ် နဲ့ ဖုုန်းတွင်းမှတ်ဉာဏ်တွေကို ပိုမိုတိုးမြှင့်နိုင်စေဖို့ အကောင်းဆုံုးအနေအထားနဲ့ ဖန်တီးထားပါတယ်။ ဖုုန်းနှစ်လုံးစလုံးမှာ Dolby Atmos ပါဝင်တာကြောင့် ဗွီဒီယိုကြည့်ရှုရင်ပဲဖြစ်ဖြစ်၊ မိမိအကြိုက်ဆုံုး သီချင်းနားထောင်ရင်ပဲ ဖြစ်ဖြစ် အကောင်းဆုံုးဖျော်ဖြေမှုအတွေ့အကြုံကို ပေးစွမ်းမှာပါ။ Galaxy J4+ နဲ့ J6+ တို့မှာ အရင် Galaxy J မော်ဒယ်တွေထက် ဘက်ထရီအား ၁၀ ရာခိုုင်နှုန်းပိုတဲ့ 3,300 mAh ဘက်ထရီထည့်သွင်းပေးထားတာကြောင့် သုံုးစွဲသူတွေအနေနဲ့ ဖုန်းကို ကြာရှည်အသုံုးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုုန်းနှစ်လုံုးစလုံုးမှာ Power Saving Mode ပါဝင်တာကြောင့် အသုံုးမပြုတဲ့ App တွေကို ပိတ်ပေးလို့ ဘက်ထရီသက်တမ်းကို ပိုုမို ကြာရှည်စေပါတယ်။ Quad-core 1.4Hz processor ပါဝင်တာကြောင့် စွမ်းအင်သုံးစွဲကြမ်းတဲ့ လုုပ်ဆောင်ချက်တွေ (ဥပမာ ကွာလတီမြင့် ဗွီဒီယိုုကြည့်ရှုတာမျိုး) တွေကို ဘက်ထရီ အရမ်းမကုုန်ဘဲ လုပ်ဆောင်နိုုင်မှာပါ။ Galaxy J6+ မှာ 3GB RAM နဲ့အတူ ဖုန်းတွင်းမှတ်ဉာဏ် 32GB ပါဝင်ပြီး Galaxy J4+ မှာတော့ 2GB RAM နဲ့အတူ ဖုန်းတွင်းမှတ်ဉာဏ် 16GB ထည့်သွင်းပေးထားပါတယ်။ အဆိုပါ ဖုန်းနှစ်လုံးစလုံးမှာ SD ကဒ်ထပ်မံထည့်သွင်းပြီး ဖုန်းတွင်းမှတ်ဉာဏ်ကို 512 GB အထိ တိုးမြှင့်အသုံးပြုနိုင်ပါတယ်။