Nubia ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Ni Fei ကေတာ့ သူတုိ႔ရဲ႕ Flagship ဖုန္းအသစ္ Display ႏွစ္ဖက္နဲ႔ Nubia X ဟာ ကုမၸဏီရဲ႕ ေျခာက္ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ ေအာက္တုိဘာ ၃၁ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမယ္လုိ႔ အတည္ျပဳေပးခဲ့ပါတယ္။

ဒီဟန္းဆက္ဟာ TENAA မွာေတာ့ ေမာ္ဒယ္နံပါတ္ NX616J အျဖစ္ ျဖတ္ေက်ာ္ေအာင္ျမင္ခဲ့ျပီး 6.26” လက္မ FHD+ LCD မ်က္ႏွာျပင္တစ္ဖက္နဲ႔ 5.1” လက္မအရြယ္ HD+ AMOLED ဒုတိယ Screen တုိ႔ ပါဝင္တာကို ေတြ႕ခဲ့ၾကပါတယ္။ ေဘးႏွစ္ဖက္မွာလည္း Dual Fingerprint Sensor ေတြက ပါဝါခလုပ္နဲ႔ အသံတုိးက်ယ္ခလုပ္ တုိ႔ရဲ႕ ေအာက္ဘက္မွာ ပါပါတယ္။

TENAA အခ်က္အလက္ေတြလိုပဲ ဖိတ္ၾကားလႊာမွာလည္း ေရွ႕ဘက္ကင္မရာနဲ႔ ပတ္သက္တာ မပါပါဘူး။ ႏွစ္ဖက္လုံးမွာ Display ပါေနမွေတာ့ ေက်ာဘက္ကင္မရာကိုလည္း ဆယ္လ္ဖီအျဖစ္ သုံးႏုိင္မွာပါ။ Nubia Z18s လို႔လည္း သတင္းထြက္ခဲ့တဲ့ Nubia X ရဲ႕ ေပါက္ၾကားခဲ့တဲ့ အခ်က္အလက္ေတြကေတာ့ 2.8GHz Octa-Core Snapdraong 845 ခ်စ္ပ္ဆက္ေပၚမွာ Adreno 630 GPU လုိ႔ ဆုိပါတယ္။

မန္မုိရီပိုင္းမွာေတာ့ ေမာ္ဒယ္ႏွစ္မ်ဳိးကြဲေနျပီး 6GB + 64GB နဲ႔ 8GB + 128GB တုိ႔ ျဖစ္ပါတယ္။ စက္ႏွင္စနစ္က Android 8.1 Oreo ကိုအေပၚက Nubia UI 6.0 အုပ္ထားျပီး Dual-SIM အသုံးျပဳႏုိင္မွာပါ။ ဘကၳရီအားက 3800 mAh ျဖစ္ျပီး Quick Charge 4.0 အားအျမန္သြင္းစနစ္ ပါဝင္ပါတယ္။

Display နဲ႔ Fingerprint တုိ႔ကစလို႔ ေစ်းကြက္ထဲမွာ ေခတ္စားေနတဲ့ ျပိဳင္ဘက္ဟန္းဆက္ေတြမွာ ပါသမွ် အကုန္ႏွစ္ဆနဲ႔ ထုတ္လာမယ့္ပုံေပါက္ေနတဲ့ Nubia X ဟာ ေရႊေရာင္နဲ႔ အနက္ေရာင္ႏွစ္မ်ဳိးနဲ႔ လာမယ္လို႔ ယူဆရျပီး ဒီလကုန္ မိတ္ဆက္ပြဲမွာ တရားဝင္သိခြင့္ရေတာ့မွာပါ။

Ref – Fonearena

Unicode

Nubia ရဲ့ အမှုဆောင်အရာရှိချုပ် Ni Fei ကတော့ သူတို့ရဲ့ Flagship ဖုန်းအသစ် Display နှစ်ဖက်နဲ့ Nubia X ဟာ ကုမ္ပဏီရဲ့ ခြောက်နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဒီဟန်းဆက်ဟာ TENAA မှာတော့ မော်ဒယ်နံပါတ် NX616J အဖြစ် ဖြတ်ကျော်အောင်မြင်ခဲ့ပြီး 6.26” လက်မ FHD+ LCD မျက်နှာပြင်တစ်ဖက်နဲ့ 5.1” လက်မအရွယ် HD+ AMOLED ဒုတိယ Screen တို့ ပါဝင်တာကို တွေ့ခဲ့ကြပါတယ်။ ဘေးနှစ်ဖက်မှာလည်း Dual Fingerprint Sensor တွေက ပါဝါခလုပ်နဲ့ အသံတိုးကျယ်ခလုပ် တို့ရဲ့ အောက်ဘက်မှာ ပါပါတယ်။

TENAA အချက်အလက်တွေလိုပဲ ဖိတ်ကြားလွှာမှာလည်း ရှေ့ဘက်ကင်မရာနဲ့ ပတ်သက်တာ မပါပါဘူး။ နှစ်ဖက်လုံးမှာ Display ပါနေမှတော့ ကျောဘက်ကင်မရာကိုလည်း ဆယ်လ်ဖီအဖြစ် သုံးနိုင်မှာပါ။ Nubia Z18s လို့လည်း သတင်းထွက်ခဲ့တဲ့ Nubia X ရဲ့ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေကတော့ 2.8GHz Octa-Core Snapdraong 845 ချစ်ပ်ဆက်ပေါ်မှာ Adreno 630 GPU လို့ ဆိုပါတယ်။

မန်မိုရီပိုင်းမှာတော့ မော်ဒယ်နှစ်မျိုးကွဲနေပြီး 6GB + 64GB နဲ့ 8GB + 128GB တို့ ဖြစ်ပါတယ်။ စက်နှင်စနစ်က Android 8.1 Oreo ကိုအပေါ်က Nubia UI 6.0 အုပ်ထားပြီး Dual-SIM အသုံးပြုနိုင်မှာပါ။ ဘက္ထရီအားက 3800 mAh ဖြစ်ပြီး Quick Charge 4.0 အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။

Display နဲ့ Fingerprint တို့ကစလို့ ဈေးကွက်ထဲမှာ ခေတ်စားနေတဲ့ ပြိုင်ဘက်ဟန်းဆက်တွေမှာ ပါသမျှ အကုန်နှစ်ဆနဲ့ ထုတ်လာမယ့်ပုံပေါက်နေတဲ့ Nubia X ဟာ ရွှေရောင်နဲ့ အနက်ရောင်နှစ်မျိုးနဲ့ လာမယ်လို့ ယူဆရပြီး ဒီလကုန် မိတ်ဆက်ပွဲမှာ တရားဝင်သိခွင့်ရတော့မှာပါ။

Ref – Fonearena