Google ဟာ လက္ပ္ေတာ့လိုေရာ တက္ဘလက္လုိပါ ႏွစ္မ်ဳိးလုံးသုံးႏုိင္မယ့္ Detachables ထုတ္ကုန္ အသစ္ Pixel Slate ကို စမတ္ဖုန္းအသစ္ေတြနဲ႔အတူ မိတ္ဆက္လိုက္ပါျပီ။ ဒီတစ္ခုမွာေတာ့ Android OS မဟုတ္ဘဲ Chrome OS ကိုအသုံးျပဳလာတဲ့အတြက္ Google အတြက္ေတာ့ ပထမဆုံးထုတ္ကုန္ပါပဲ။
Pixel Slate ဟာ 12.3 လက္မအရြယ္ တက္ဘလက္ျဖစ္ျပီး 3:2 ျမင္ကြင္းအခ်ဳိး ပါဝင္ကာ 293ppi Pixel Density ရွိပါတယ္။ အထူကေတာ့ ၇ မီလီမီတာ (တစ္လက္မရဲ႕ ေလးပုံတစ္ပုံ) သာရွိျပီး ၁.၆ ေပါင္သာ ေလးပါတယ္။
Pixel Slate အတြက္ Chrome OS ကို ျပဳျပင္ေရးဆြဲထားျပီး ယခုအခါ Profile ႏွစ္မ်ဳိးရွိသြားတယ္။ Tablet ကို ေမာက္စ္ ဒါမွမဟုတ္ Trackpad နဲ႔ခ်ိတ္ဆက္လုိက္တာနဲ႔ (ကီးဘုတ္မပါ) အလိုအေလွ်ာက္ Desktop mode ျဖစ္သြားတယ္။ App ေတြက Launcher ထဲကို အလုိအေလွ်ာက္ေရာက္သြားတယ္။ ဒါေပမယ့္ ျဖဳတ္လုိက္ရင္ေတာ့ Touch-friendly ပုိျဖစ္သြားတဲ့ ပုံစံနဲ႔ သာမာန္ Tablet တစ္လုံးကို သုံးေနရသလို UI ျပန္ျဖစ္သြားမွာပါ။ စိတ္မေကာင္းစရာက ဒီ Mode ေတြကို ကိုယ့္ဘာသာေျပာင္းလုိ႔မရဘူး။ ေမာက္စ္နဲ႔ ခ်ိတ္ထားလား မခ်ိတ္ထားလား အလိုအေလ်ာက္ စစ္ေဆးသိျပီးမွ ေျပာင္းလဲေပးတာ ျဖစ္ပါတယ္။
သူ႕ရဲ႕ Pixel Density ဟာ Tablet ထဲမွာေတာ့ အျမင့္ဆုံးစာရင္းဝင္ျဖစ္ျပီး ၁၂ လက္မ iPad Pro, Surface Pro 6 နဲ႔ Galaxy Tab S4 တုိ႔ထက္ မ်ားျပားတဲ့ ပမာဏျဖစ္တယ္။ Google က အဲ့ဒါကို “Molecular Display” လို႔ နာမည္ေပးထားျပီး Resolution ျမင့္မားေအာင္ ဖန္တီးထားတဲ့အတြက္ ေမာ္လီက်ဴးအဆင့္ထိ ျမင္ရမွာမုိ႔ ဒီလို တင္စားထားတာပါ။ ဒီေလာက္ပါးလႊာတဲ့ Display ထဲကို ျမင့္မားတဲ့ Resolution ရေအာင္ ထည့္ထားႏုိင္တာဟာ စြမ္းအင္ေခၽြတာ LCD နည္းပညာတစ္မ်ဳိးျဖစ္တဲ့ အပူခ်ိန္နိမ့္ ပုိလီဆီလီကြန္ (LTPS) ကို အသုံးျပဳထားလို႔ ျဖစ္တယ္လုိ႔ ဆုိပါတယ္။
ကုမၸဏီကေတာ့ အားတစ္ခါသြင္းျပီးရင္ ၁၂ နာရီဆက္တုိက္ အသုံးခံမယ္လုိ႔ ဆုိတာေၾကာင့္ ဒီအေလးခ်ိန္၊ ဒီအရြယ္အစားနဲ႔ တက္ဘလက္အတြက္ အားရစရာျဖစ္တယ္။ မ်က္ႏွာျပင္ေပၚမွာ Pixelbook Pen ကိုသုံးျပီး ေရးဆြဲႏိုင္ပါတယ္။ ဒါေပမယ့္ Stylus အတြက္ ေနာက္ထပ္ ေဒၚလာတစ္ရာ ကုန္က်မွာပါ။
ကြန္ျပဴတာလို အသုံးျပဳခ်င္ရင္ေတာ့ သူနဲ႔တြဲဖက္လာမယ့္ ကီးဘုတ္ဟာ မရွိမျဖစ္ ျဖစ္ျပီး ဒါကိုလည္း Google ကတစ္ပါတည္း ထည့္မေပးပါဘူး။ ေနာက္ထပ္ ေဒၚလာႏွစ္ရာ ကုန္က်ရဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ သံလုိက္ကီးဘုတ္ဟာ Tablet ကိုေထာင္ထားတဲ့ Stand အျဖစ္လည္း အသုံးျပဳႏုိင္သလို အရည္အေသြးကလည္း ေကာင္းမြန္ပါတယ္။ Apple နဲ႔ Microsoft လုိပဲ Google ကလည္း Hush Keys Feature ကိုထည့္သြင္းလာတဲ့ အတြက္ နဂုိထဲက သိပ္ျပီးအသံမထြက္တဲ့ ကီးခလုပ္ေတြဟာ တုိးတိတ္ေနမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ႏွိပ္လုိက္တဲ့ အခါမွာေတာ့ တုံ႔ျပန္မႈကို ခံစားမိေစမွာပါ။
Pixel Slate မွာ Intel Celeron သို႔မဟုတ္ Core m3, i5 သို႔မဟုတ္ i7 ပရုိဆက္ဆာဗားရွင္းေတြ ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ အေျခခံ အင္တာနက္သုံးရုံဆုိရင္ေတာ့ Celeron နဲ႔ Core M3 တုိ႔က လုံေလာက္မွာ ျဖစ္ျပီး Split Screen အသုံးျပဳႏုိင္တဲ့ Multitasking ဘာညာ သုံးခ်င္တယ္ ဆုိရင္ေတာ့ Core i5 ဗားရွင္းကို ေရြးခ်ယ္သင့္တယ္။ အေျခခံေမာ္ဒယ္မွာ RAM 4GB သာပါေပမယ့္ 16GB ထိ ျမွင့္တင္ႏုိင္တယ္။ i7 ဗားရွင္းကေတာ့ ဘယ္လုိပဲျဖစ္ျဖစ္ Luxury အဆင့္ပါပဲ။
Slate ေတြမွာ 8MP ကင္မရာ ေရွ႕ေနာက္တစ္စုံ ပါဝင္ျပီး ဒီတက္ဘလက္ၾကီးနဲ႔ ဆယ္လ္ဖီ ဆြဲခ်င္သပ ဆုိလည္း အဆင္ေျပမွာပါ။ ေရွ႕ဘက္ကင္မရာက ဗီဒီယုိမီတင္ေတြအတြက္ အသားေပးထားျပီး Duo Camera လို႔ အမည္ေပးထားတယ္။ Chrome OS အသုံးျပဳထားတဲ့ ဂတ္ဂ်က္ေတြထဲမွာ ပထမဆုံး Fingerprint Unlock ကုိ ေထာက္ပံ့ေပးတဲ့ ထုတ္ကုန္လည္း ျဖစ္ပါတယ္။
ဒီႏွစ္ကုန္ပုိင္းမွာ Pixel Slate ကို အေျခခံေစ်းႏႈန္း ေဒၚလာေျခာက္ရာကေန စတင္ဝယ္ယူႏုိင္မွာ ျဖစ္ျပီး ထြက္ရွိရက္ အတိအက်ကိုေတာ့ Google ကမေၾကျငာေသးဘူး။ Detachable ကို အျပည့္အဝ သုံးခ်င္ရင္ ကီးဘုတ္ဖုိး ေနာက္ထပ္ ေဒၚလာ ၂၀၀ ထပ္ကုန္မယ္ဆုိတာလည္း မေမ့သင့္ဘူး။ ဒါေပမယ့္ Google ရဲ႕ Chrome OS သုံး Pixel Slate ဟာ ဒီႏွစ္အတြက္ စိတ္ဝင္စားစရာ နည္းပညာထုတ္ကုန္သစ္ပါပဲ။
Ref – Engadget
Unicode
Google ဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ နှစ်မျိုးလုံးသုံးနိုင်မယ့် Detachables ထုတ်ကုန် အသစ် Pixel Slate ကို စမတ်ဖုန်းအသစ်တွေနဲ့အတူ မိတ်ဆက်လိုက်ပါပြီ။ ဒီတစ်ခုမှာတော့ Android OS မဟုတ်ဘဲ Chrome OS ကိုအသုံးပြုလာတဲ့အတွက် Google အတွက်တော့ ပထမဆုံးထုတ်ကုန်ပါပဲ။
Pixel Slate ဟာ 12.3 လက်မအရွယ် တက်ဘလက်ဖြစ်ပြီး 3:2 မြင်ကွင်းအချိုး ပါဝင်ကာ 293ppi Pixel Density ရှိပါတယ်။ အထူကတော့ ၇ မီလီမီတာ (တစ်လက်မရဲ့ လေးပုံတစ်ပုံ) သာရှိပြီး ၁.၆ ပေါင်သာ လေးပါတယ်။
Pixel Slate အတွက် Chrome OS ကို ပြုပြင်ရေးဆွဲထားပြီး ယခုအခါ Profile နှစ်မျိုးရှိသွားတယ်။ Tablet ကို မောက်စ် ဒါမှမဟုတ် Trackpad နဲ့ချိတ်ဆက်လိုက်တာနဲ့ (ကီးဘုတ်မပါ) အလိုအလျှောက် Desktop mode ဖြစ်သွားတယ်။ App တွေက Launcher ထဲကို အလိုအလျှောက်ရောက်သွားတယ်။ ဒါပေမယ့် ဖြုတ်လိုက်ရင်တော့ Touch-friendly ပိုဖြစ်သွားတဲ့ ပုံစံနဲ့ သာမာန် Tablet တစ်လုံးကို သုံးနေရသလို UI ပြန်ဖြစ်သွားမှာပါ။ စိတ်မကောင်းစရာက ဒီ Mode တွေကို ကိုယ့်ဘာသာပြောင်းလို့မရဘူး။ မောက်စ်နဲ့ ချိတ်ထားလား မချိတ်ထားလား အလိုအလျောက် စစ်ဆေးသိပြီးမှ ပြောင်းလဲပေးတာ ဖြစ်ပါတယ်။
သူ့ရဲ့ Pixel Density ဟာ Tablet ထဲမှာတော့ အမြင့်ဆုံးစာရင်းဝင်ဖြစ်ပြီး ၁၂ လက်မ iPad Pro, Surface Pro 6 နဲ့ Galaxy Tab S4 တို့ထက် များပြားတဲ့ ပမာဏဖြစ်တယ်။ Google က အဲ့ဒါကို “Molecular Display” လို့ နာမည်ပေးထားပြီး Resolution မြင့်မားအောင် ဖန်တီးထားတဲ့အတွက် မော်လီကျူးအဆင့်ထိ မြင်ရမှာမို့ ဒီလို တင်စားထားတာပါ။ ဒီလောက်ပါးလွှာတဲ့ Display ထဲကို မြင့်မားတဲ့ Resolution ရအောင် ထည့်ထားနိုင်တာဟာ စွမ်းအင်ချွေတာ LCD နည်းပညာတစ်မျိုးဖြစ်တဲ့ အပူချိန်နိမ့် ပိုလီဆီလီကွန် (LTPS) ကို အသုံးပြုထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကတော့ အားတစ်ခါသွင်းပြီးရင် ၁၂ နာရီဆက်တိုက် အသုံးခံမယ်လို့ ဆိုတာကြောင့် ဒီအလေးချိန်၊ ဒီအရွယ်အစားနဲ့ တက်ဘလက်အတွက် အားရစရာဖြစ်တယ်။ မျက်နှာပြင်ပေါ်မှာ Pixelbook Pen ကိုသုံးပြီး ရေးဆွဲနိုင်ပါတယ်။ ဒါပေမယ့် Stylus အတွက် နောက်ထပ် ဒေါ်လာတစ်ရာ ကုန်ကျမှာပါ။
ကွန်ပြူတာလို အသုံးပြုချင်ရင်တော့ သူနဲ့တွဲဖက်လာမယ့် ကီးဘုတ်ဟာ မရှိမဖြစ် ဖြစ်ပြီး ဒါကိုလည်း Google ကတစ်ပါတည်း ထည့်မပေးပါဘူး။ နောက်ထပ် ဒေါ်လာနှစ်ရာ ကုန်ကျရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သံလိုက်ကီးဘုတ်ဟာ Tablet ကိုထောင်ထားတဲ့ Stand အဖြစ်လည်း အသုံးပြုနိုင်သလို အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ Apple နဲ့ Microsoft လိုပဲ Google ကလည်း Hush Keys Feature ကိုထည့်သွင်းလာတဲ့ အတွက် နဂိုထဲက သိပ်ပြီးအသံမထွက်တဲ့ ကီးခလုပ်တွေဟာ တိုးတိတ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နှိပ်လိုက်တဲ့ အခါမှာတော့ တုံ့ပြန်မှုကို ခံစားမိစေမှာပါ။
Pixel Slate မှာ Intel Celeron သို့မဟုတ် Core m3, i5 သို့မဟုတ် i7 ပရိုဆက်ဆာဗားရှင်းတွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံ အင်တာနက်သုံးရုံဆိုရင်တော့ Celeron နဲ့ Core M3 တို့က လုံလောက်မှာ ဖြစ်ပြီး Split Screen အသုံးပြုနိုင်တဲ့ Multitasking ဘာညာ သုံးချင်တယ် ဆိုရင်တော့ Core i5 ဗားရှင်းကို ရွေးချယ်သင့်တယ်။ အခြေခံမော်ဒယ်မှာ RAM 4GB သာပါပေမယ့် 16GB ထိ မြှင့်တင်နိုင်တယ်။ i7 ဗားရှင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် Luxury အဆင့်ပါပဲ။
Slate တွေမှာ 8MP ကင်မရာ ရှေ့နောက်တစ်စုံ ပါဝင်ပြီး ဒီတက်ဘလက်ကြီးနဲ့ ဆယ်လ်ဖီ ဆွဲချင်သပ ဆိုလည်း အဆင်ပြေမှာပါ။ ရှေ့ဘက်ကင်မရာက ဗီဒီယိုမီတင်တွေအတွက် အသားပေးထားပြီး Duo Camera လို့ အမည်ပေးထားတယ်။ Chrome OS အသုံးပြုထားတဲ့ ဂတ်ဂျက်တွေထဲမှာ ပထမဆုံး Fingerprint Unlock ကို ထောက်ပံ့ပေးတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ Pixel Slate ကို အခြေခံဈေးနှုန်း ဒေါ်လာခြောက်ရာကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ထွက်ရှိရက် အတိအကျကိုတော့ Google ကမကြေငြာသေးဘူး။ Detachable ကို အပြည့်အဝ သုံးချင်ရင် ကီးဘုတ်ဖိုး နောက်ထပ် ဒေါ်လာ ၂၀၀ ထပ်ကုန်မယ်ဆိုတာလည်း မမေ့သင့်ဘူး။ ဒါပေမယ့် Google ရဲ့ Chrome OS သုံး Pixel Slate ဟာ ဒီနှစ်အတွက် စိတ်ဝင်စားစရာ နည်းပညာထုတ်ကုန်သစ်ပါပဲ။
Ref – Engadget