[Zawgyi]
စမတ္ဖုန္း ထုတ္လုပ္သူ OnePlus ဟာ အျခားကုမၸဏီမ်ားစြာနဲ႔ တြဲဖက္ထုတ္လုပ္ေလ့ ရွိတာကို သိၾကျပီး ျဖစ္မွာပါ။ ေရွ႕မွာ OnePlus 3T Colette, OnePlus 5 JCC+, OnePlus 5T Star Wars နဲ႔ OnePlus 6 Avengers Infinity War တုိ႔က ဥပမာပါပဲ။
အခုတခါ သူတုိ႔ေနာက္ဆုံးေစ်းကြက္ထဲပုိ႔ထားတဲ့ Flagship ဟန္းဆက္ OnePlus 6T နဲ႔ပတ္သက္ျပီး အထူးဗားရွင္းကို လက္တြဲထုတ္လုပ္မွာကေတာ့ နာမည္ေက်ာ္ျပိဳင္ကားနဲ႔ ဇိမ္ခံကားကုမၸဏီ McLaren Racing ပါပဲ။ McLaren ဟာနာမည္ၾကီး အမွတ္တံဆိပ္တစ္ခု ျဖစ္ျပီး OnePlus နဲ႔လက္တြဲကာ ထုတ္ကုန္သစ္ေၾကျငာပြဲကို ဒီဇင္ဘာ ၁၁ နဲ႔ ၁၂ ရက္ေန႔ေတြမွာ ႏုိင္ငံႏွစ္ႏုိင္ငံမွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
OnePlus ရဲ႕ အၾကီးအကဲ Pete Lau ကေတာ့ ကုမၸဏီႏွစ္ခုလုံးဟာ ထူးျခားတဲ့ တစ္စုံတစ္ရာကို အတူ ဖန္တီးဖို႔ ၾကီးမားတဲ့ အိပ္မက္တစ္ခုနဲ႔ ေမြးဖြားလာခဲ့တယ္ ဆုိျပီး “တီထြင္ဆန္းသစ္မႈ အမွတ္အသားအသစ္နဲ႔ ေလးစားစရာ အျမန္ႏႈန္း” ပါဝင္တဲ့ ထုတ္ကုန္သစ္တစ္ခုကို ခ်ျပသြားမယ္လုိ႔ ဆုိပါတယ္။ McLaren ရဲ႕ စီအီးအုိ Zak Brown ကလည္း သူနဲ႔ သိပ္မကြာတဲ့ မွတ္ခ်က္မ်ဳိးပဲ ေပးသြားခဲ့ျပီး “လွ်င္ျမန္မႈနဲ႔ စြမ္းအားရွိမႈ” ဟာ ကုမၸဏီ ႏွစ္ခုလုံး တူညီေနတဲ့ တန္ဖိုးျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ဖုန္းအသစ္ဟာ ၁၉၆၆ ခုႏွစ္ မုိနာကို Grand Prix ျပိဳင္ပြဲမွာ Bruce McLaren ေမာင္းႏွင္ခဲ့တဲ့ ပထမဆုံး ကားရဲ႕ အေရာင္ျဖစ္တဲ့ လိေမၼာ္ေရာင္နဲ႔ ထြက္လာမယ္လို႔ ယူဆရပါတယ္။ OnePlus 6T McLaren Edition ဟာ အကန္႔အသတ္နဲ႔ ထုတ္လုပ္မယ့္ ဖုန္းတစ္လုံး ျဖစ္လာမွာပါ။
Ref – GSM Arena
[Unicode]
စမတ်ဖုန်း ထုတ်လုပ်သူ OnePlus ဟာ အခြားကုမ္ပဏီများစွာနဲ့ တွဲဖက်ထုတ်လုပ်လေ့ ရှိတာကို သိကြပြီး ဖြစ်မှာပါ။ ရှေ့မှာ OnePlus 3T Colette, OnePlus 5 JCC+, OnePlus 5T Star Wars နဲ့ OnePlus 6 Avengers Infinity War တို့က ဥပမာပါပဲ။
အခုတခါ သူတို့နောက်ဆုံးဈေးကွက်ထဲပို့ထားတဲ့ Flagship ဟန်းဆက် OnePlus 6T နဲ့ပတ်သက်ပြီး အထူးဗားရှင်းကို လက်တွဲထုတ်လုပ်မှာကတော့ နာမည်ကျော်ပြိုင်ကားနဲ့ ဇိမ်ခံကားကုမ္ပဏီ McLaren Racing ပါပဲ။ McLaren ဟာနာမည်ကြီး အမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး OnePlus နဲ့လက်တွဲကာ ထုတ်ကုန်သစ်ကြေငြာပွဲကို ဒီဇင်ဘာ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ နိုင်ငံနှစ်နိုင်ငံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
OnePlus ရဲ့ အကြီးအကဲ Pete Lau ကတော့ ကုမ္ပဏီနှစ်ခုလုံးဟာ ထူးခြားတဲ့ တစ်စုံတစ်ရာကို အတူ ဖန်တီးဖို့ ကြီးမားတဲ့ အိပ်မက်တစ်ခုနဲ့ မွေးဖွားလာခဲ့တယ် ဆိုပြီး “တီထွင်ဆန်းသစ်မှု အမှတ်အသားအသစ်နဲ့ လေးစားစရာ အမြန်နှုန်း” ပါဝင်တဲ့ ထုတ်ကုန်သစ်တစ်ခုကို ချပြသွားမယ်လို့ ဆိုပါတယ်။ McLaren ရဲ့ စီအီးအို Zak Brown ကလည်း သူနဲ့ သိပ်မကွာတဲ့ မှတ်ချက်မျိုးပဲ ပေးသွားခဲ့ပြီး “လျှင်မြန်မှုနဲ့ စွမ်းအားရှိမှု” ဟာ ကုမ္ပဏီ နှစ်ခုလုံး တူညီနေတဲ့ တန်ဖိုးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဖုန်းအသစ်ဟာ ၁၉၆၆ ခုနှစ် မိုနာကို Grand Prix ပြိုင်ပွဲမှာ Bruce McLaren မောင်းနှင်ခဲ့တဲ့ ပထမဆုံး ကားရဲ့ အရောင်ဖြစ်တဲ့ လိမ္မော်ရောင်နဲ့ ထွက်လာမယ်လို့ ယူဆရပါတယ်။ OnePlus 6T McLaren Edition ဟာ အကန့်အသတ်နဲ့ ထုတ်လုပ်မယ့် ဖုန်းတစ်လုံး ဖြစ်လာမှာပါ။
Ref – GSM Arena