Huawei ဟာ Samsung နဲ႔ ရင္ေဘာင္တန္းႏိုင္ဖို႔ မ်က္ႏွာျပင္မွာ အေပါက္နဲ႔ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ ဒါထက္ပိုေျပာရရင္ေတာ့ ၿပိဳင္ဘက္ Samsung က သူတို႔ရဲ႕ Infinity-O အမ်ိဳးအစားကို ေဈးကြက္ထဲမျဖန႔္ခင္ Huawei က ဦးေအာင္ ျဖန႔္ခ်င္ေနတာလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၄ရက္ေလာက္က Hole in the Screen ရဲ႕ Teaser Image ေပၚေပါက္လာခဲ့ပါေသးတယ္။ ဒီေန႔မွာေတာ့ Huawei ရဲ႕ Poster တစ္ခု ေပါက္ၾကားလာခဲ့တာ ျဖစ္ပါတယ္။ ဒီ ပိုစတာကို အမည္မေဖာ္လိုသူ တစ္ဦးက GSMarena ထံ ေပးပို႔ခဲ့တာလို႔ သိရပါတယ္။
ပိုစတာမွာ ေဖာ္ျပထားတဲ့ စာသားေတြအရဆိုရင္ေတာ့ Huawei အေနနဲ႔ သူတို႔ရဲ႕ Hole in the Screen Phone ကို လာမယ့္ ဒီဇင္ဘာလထဲမွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ဟိုအရင္ကလည္း Huawei က သူတို႔ရဲ႕ မ်က္ႏွာျပင္တြင္း အေပါက္နဲ႔ ဖုန္းကို လာမယ့္လမွာ မိတ္ဆက္သြားမယ္လို႔ ေၾကညာခဲ့ဖူးတာေၾကာင့္ ဒီပိုစတာပါစာသားေတြက ေသခ်ာသေလာက္ ရွိတယ္လို႔ ယူဆရမွာပါ။
Samsung ရဲ႕ Infinity-O ဒီဇိုင္းနဲ႔ ဖုန္းကို ဘယ္အခ်ိန္မွာ မိတ္ဆက္ျဖန႔္ခ်ိမလဲလို႔ မသိရေသးခင္မွာ Huawei က အလားတူ ဒီဇိုင္းနဲ႔ဖုန္းကို ေဈးကြက္ထဲအရင္ ပို႔ေတာ့မွာျဖစ္တာေၾကာင့္ ကမာၻ႔ပထမဆုံး Hole in the Screen Phone အျဖစ္ သတ္မွတ္ခံရမွာက Huawei ပဲ ျဖစ္သြားဖြယ္ ရွိပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ေပါက္ၾကားမႈေတြက လာမယ့္ ရက္အနည္းငယ္အတြင္းမွာ အမ်ားအျပားေပၚေပါက္လာဦးဖြယ္ ရွိတာေၾကာင့္ ပိုၿပီးျပည့္စုံတဲ့ အခ်က္အလက္ေတြရရွိခဲ့ရင္ ထပ္မံေဖာ္ျပေပးဦးမွာ ျဖစ္ပါတယ္။
Ref: GSMarena
Huawei ဟာ Samsung နဲ့ ရင်ဘောင်တန်းနိုင်ဖို့ မျက်နှာပြင်မှာ အပေါက်နဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါထက်ပိုပြောရရင်တော့ ပြိုင်ဘက် Samsung က သူတို့ရဲ့ Infinity-O အမျိုးအစားကို ဈေးကွက်ထဲမဖြန့်ခင် Huawei က ဦးအောင် ဖြန့်ချင်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၄ရက်လောက်က Hole in the Screen ရဲ့ Teaser image ပေါ်ပေါက်လာခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ Huawei ရဲ့ Poster တစ်ခု ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒီ ပိုစတာကို အမည်မဖော်လိုသူ တစ်ဦးက GSMarena ထံ ပေးပို့ခဲ့တာလို့ သိရပါတယ်။
ပိုစတာမှာ ဖော်ပြထားတဲ့ စာသားတွေအရဆိုရင်တော့ Huawei အနေနဲ့ သူတို့ရဲ့ Hole in the Screen Phone ကို လာမယ့် ဒီဇင်ဘာလထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဟိုအရင်ကလည်း Huawei က သူတို့ရဲ့ မျက်နှာပြင်တွင်း အပေါက်နဲ့ ဖုန်းကို လာမယ့်လမှာ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ဖူးတာကြောင့် ဒီပိုစတာပါစာသားတွေက သေချာသလောက် ရှိတယ်လို့ ယူဆရမှာပါ။
Samsung ရဲ့ Infinity-O ဒီဇိုင်းနဲ့ ဖုန်းကို ဘယ်အချိန်မှာ မိတ်ဆက်ဖြန့်ချိမလဲလို့ မသိရသေးခင်မှာ Huawei က အလားတူ ဒီဇိုင်းနဲ့ဖုန်းကို ဈေးကွက်ထဲအရင် ပို့တော့မှာဖြစ်တာကြောင့် ကမ္ဘာ့ပထမဆုံး Hole in the Screen Phone အဖြစ် သတ်မှတ်ခံရမှာက Huawei ပဲ ဖြစ်သွားဖွယ် ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ပေါက်ကြားမှုတွေက လာမယ့် ရက်အနည်းငယ်အတွင်းမှာ အများအပြားပေါ်ပေါက်လာဦးဖွယ် ရှိတာကြောင့် ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေရရှိခဲ့ရင် ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။
Ref: GSMarena