Zawgyi

VIVO APEX 2019 ကို မၾကာခင္ တ႐ုတ္ျပည္မွာ က်င္းပမယ့္ မိတ္ဆက္ပြဲမွာ တရားဝင္ပြဲထုတ္မွာပါ။ VIVO ကိုယ္တိုင္က ဖုန္းဒီဇိုင္းနဲ႕ ပတ္သက္ၿပီး Teaser Image ေတြထုတ္ျပခဲ့ေပမယ့္ ဖုန္းတစ္လုံး လုံးရဲ႕ ဒီဇိုင္းကို ျမင္ေတြ႕ရျခင္းမရွိပဲ ဖုန္းကိုယ္ထည္ရဲ႕ တစ္ခ်ိဳ႕ေနရာေလးေတြကိုပဲ ျမင္ရတာပါ။ ဒါေပမယ့္ မိတ္ဆက္ပြဲက်င္းပဖို႔ နာရီ ပိုင္းအလိုမွာပဲ VIVO APEX 2019 ရဲ႕ တရားဝင္ ဒီဇိုင္းပုံရိပ္ေတြက ေပါက္ၾကားလို႔လာပါၿပီ။

VIVO APEX 2019 ရဲ႕ ေနာက္ေက်ာဘက္ ကိုယ္ထည္ကို မွန္သားျပင္လို ေျပာင္ေနတဲ့ ေငြေရာင္တစ္မ်ိဳးနဲ႕ ခ်ယ္သထားပါတယ္။ အဆိုပါ ေနာက္ေက်ာဘက္မ်က္ႏွာျပင္ဟာ အလင္ျပန္ႏႈန္း အေတာ္ေလးေကာင္းၿပီး ကင္မရာ ႏွစ္လုံးတြဲ စနစ္ကို အဆိုပါ ေျပာင္လက္ေနတဲ့ မ်က္ႏွာျပင္ရဲ႕ အေပၚဘက္ အလယ္တည့္တည့္မွာ ေဒါင္လိုက္စီၿပီး တပ္ဆင္ေပးထားတာ ေတြ႕ရပါတယ္။ ကင္မရာေတြ ေအာက္မွာေတာ့ LED မီးသီး အဝိုင္းေလးကို တပ္ဆင္ထားပါတယ္။

အေရွ႕ဘက္ မ်က္ႏွာျပင္ကေတာ့ ေဘာင္ေပ်ာက္လုနီးပါး ျဖစ္ေပမယ့္ Chin လို႔ေခၚတဲ့ ေအာက္ေျခ ေဘာင္ေတာ့ အနည္းငယ္က်န္ရွိေနေသးတာ ေတြ႕ရပါတယ္။ ထိပ္ဘက္မွာေတာ့ Notch ေတြ၊ Hole ေတြ နဲ႕ Earpiece Speaker ေတြ ပါဝင္ျခင္းမရွိပဲ Pop Up Selfie Camera နဲ႕ Piezoelectric Speaker လို႔ေခၚတဲ့ ဖန္သားျပင္ကို တုန္ခါေစၿပီး Earpiece Speaker အျဖစ္ အသုံးျပဳမယ့္ နည္းပညာေတြ ကို အသုံးျပဳထားပါတယ္။

ေနာက္ေက်ာဘက္ Fingerprint Scanner လည္း မပါဝင္တဲ့ အတြက္ In-Display Fingerprint Scanner ကို အသုံးျပဳထားမွာျဖစ္ပါတယ္။ အခုထြက္ေပၚလာတဲ့ ပုံေတြဟာ အနီးကပ္ ပုံရိပ္ေတြ မဟုတ္တဲ့ အတြက္ Meizu Zero လို Button ေတြ မပါပဲ ဖုန္းရဲ႕ ေဘးေဘာင္ Sensor ေတြကို သုံးမလား ဆိုတာကိုေတာ့ အတိအက်ေျပာလို႔ မရပါဘူး။

Ref: Gizmo China

Unicode

မိတ်ဆက်ပွဲထက် အရင်ပေါက်ကြားလာခဲ့တဲ့ VIVO APEX 2019 ရဲ့ တရားဝင် ဒီဇိုင်းပုံရိပ်

VIVO APEX 2019 ကို မကြာခင် တရုတ်ပြည်မှာ ကျင်းပမယ့် မိတ်ဆက်ပွဲမှာ တရားဝင်ပွဲထုတ်မှာပါ။ VIVO ကိုယ်တိုင်က ဖုန်းဒီဇိုင်းနဲ့ ပတ်သက်ပြီး Teaser Image တွေထုတ်ပြခဲ့ပေမယ့် ဖုန်းတစ်လုံး လုံးရဲ့ ဒီဇိုင်းကို မြင်တွေ့ရခြင်းမရှိပဲ ဖုန်းကိုယ်ထည်ရဲ့ တစ်ချို့နေရာလေးတွေကိုပဲ မြင်ရတာပါ။ ဒါပေမယ့် မိတ်ဆက်ပွဲကျင်းပဖို့ နာရီ ပိုင်းအလိုမှာပဲ VIVO APEX 2019 ရဲ့ တရားဝင် ဒီဇိုင်းပုံရိပ်တွေက ပေါက်ကြားလို့လာပါပြီ။

VIVO APEX 2019 ရဲ့ နောက်ကျောဘက် ကိုယ်ထည်ကို မှန်သားပြင်လို ပြောင်နေတဲ့ ငွေရောင်တစ်မျိုးနဲ့ ချယ်သထားပါတယ်။ အဆိုပါ နောက်ကျောဘက်မျက်နှာပြင်ဟာ အလင်ပြန်နှုန်း အတော်လေးကောင်းပြီး ကင်မရာ နှစ်လုံးတွဲ စနစ်ကို အဆိုပါ ပြောင်လက်နေတဲ့ မျက်နှာပြင်ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ ဒေါင်လိုက်စီပြီး တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ကင်မရာတွေ အောက်မှာတော့ LED မီးသီး အဝိုင်းလေးကို တပ်ဆင်ထားပါတယ်။

အရှေ့ဘက် မျက်နှာပြင်ကတော့ ဘောင်ပျောက်လုနီးပါး ဖြစ်ပေမယ့် Chin လို့ခေါ်တဲ့ အောက်ခြေ ဘောင်တော့ အနည်းငယ်ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ ထိပ်ဘက်မှာတော့ Notch တွေ၊ Hole တွေ နဲ့ Earpiece Speaker တွေ ပါဝင်ခြင်းမရှိပဲ Pop Up Selfie Camera နဲ့ Piezoelectric Speaker လို့ခေါ်တဲ့ ဖန်သားပြင်ကို တုန်ခါစေပြီး Earpiece Speaker အဖြစ် အသုံးပြုမယ့် နည်းပညာတွေ ကို အသုံးပြုထားပါတယ်။

နောက်ကျောဘက် Fingerprint Scanner လည်း မပါဝင်တဲ့ အတွက် In-Display Fingerprint Scanner ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ ပုံတွေဟာ အနီးကပ် ပုံရိပ်တွေ မဟုတ်တဲ့ အတွက် Meizu Zero လို Button တွေ မပါပဲ ဖုန်းရဲ့ ဘေးဘောင် Sensor တွေကို သုံးမလား ဆိုတာကိုတော့ အတိအကျပြောလို့ မရပါဘူး။

Ref: Gizmo China