[Zawgyi]
Samsung ဟာ 4K Blu-Ray တွေကို ဦးဆုံးထုတ်ခဲ့တဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ အခုတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ တောင်းဆိုမှုနည်းလာတဲ့ Blu-Ray Player အသစ်တွေကို ဆက်လက်ထုတ်လုပ်တော့မှာမဟုတ်ဘဲ ရပ်ဆိုင်းလိုက်တော့မယ်လို့ Forbes နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုခဲ့ပါတယ်။
နည်းပညာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ CNET ရဲ့ ဖော်ပြမှုမှာတော့ Samsung အနေနဲ့ Blu-Ray နဲ့ 4K Blu-Ray Player သစ်တွေကို ထပ်မံထုတ်လုပ်မှာမဟုတ်သလို အမေရိကန်ဈေးကွက်မှာလည်း ထပ်မံဖြန့်ချိတော့မှာ မဟုတ်ဘူးလို့ တွေ့ရှိရပါတယ်။ ဒါ့အပြင် 1080p Blu-Ray စက်ထုတ်လုပ်မှု တွေကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ခေတ်မှာ ရုပ်မြင်သံကြားကြည့်ကြသူ အများစုက Streaming Service တွေကိုအဓိကထား ကြည့်ရှုလာကြခြင်းကလည်း Blu-Ray Player တွေနေဝင်ချိန်နီးကပ်လာခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ Nielsen ရဲ့ 2018 Q2 အစီရင်ခံစာအရ တီဗွီရှိတဲ့အိမ်ထောင်စုတွေရဲ့ ၆၆ ရာခိုင်နှုန်းလောက်ကသာ DVD/Blu-Ray Player တွေ ရှိတော့တယ်လို့ သိရပါတယ်။
Ref: The Verge
[Unicode]
Blu-ray player သစ် ထုတ်လုပ်မှုကို ရပ်တန့်လိုက်တဲ့ Samsung
ဒီနေ့ခေတ်မှာ ဒေတာအတွက် CD, DVD တွေအသုံးပြုတာဟာ တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရမှာပါ။ ဒီလိုနဲ့ပဲ Optical Disc တွေလည်း တစ်ချိန်က Floppy Disc တွေလိုပဲ ပျောက်ကွယ်သွားတော့မယ့် အလားအလာမှာ ရှိနေတာပါ။ ဒီလိုမျိုး Disc တွေ အသုံးပြုမှုလျော့နည်းလာတာနဲ့အမျှ Disc Drive တွေရဲ့ အခန်းကဏ္ဍကလည်း လျော့နည်းလာရပါတယ်။
Samsung ဟာ 4K Blu-ray တွေကို ဦးဆုံးထုတ်ခဲ့တဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ အခုတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ တောင်းဆိုမှုနည်းလာတဲ့ Blu-ray player အသစ်တွေကို ဆက်လက်ထုတ်လုပ်တော့မှာမဟုတ်ဘဲ ရပ်ဆိုင်းလိုက်တော့မယ်လို့ Forbes နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုခဲ့ပါတယ်။
နည်းပညာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ CNET ရဲ့ ဖော်ပြမှုမှာတော့ Samsung အနေနဲ့ Blu-ray နဲ့ 4K Blu-ray Player သစ်တွေကို ထပ်မံထုတ်လုပ်မှာမဟုတ်သလို အမေရိကန်ဈေးကွက်မှာလည်း ထပ်မံဖြန့်ချိတော့မှာ မဟုတ်ဘူးလို့ တွေ့ရှိရပါတယ်။ ဒါ့အပြင် 1080p Blu-ray စက်ထုတ်လုပ်မှု တွေကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိထွက်ပေါ်လာတဲ့ သတင်းအရ အမေရိကန်ဈေးကွက်မှာ ဆက်လက်ဖြန့်ချိတော့မှာမဟုတ်ဘူးဆိုပေမယ့် အခြားနိုင်ငံတကာ ဈေးကွက်တွေမှာတော့ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်ဖြန့်ချိနေဦးမယ့် သဘောသက်ရောက်နေပါတယ်။ OPPO ကတော့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက သူတို့ရဲ့ Blu-ray player ထုတ်လုပ်မှုကို ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ရုပ်မြင်သံကြားကြည့်ကြသူ အများစုက Streaming Service တွေကိုအဓိကထား ကြည့်ရှုလာကြခြင်းကလည်း Blu-ray player တွေနေဝင်ချိန်နီးကပ်လာခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ Nielsen ရဲ့ 2018 Q2 အစီရင်ခံစာအရ တီဗွီရှိတဲ့အိမ်ထောင်စုတွေရဲ့ ၆၆ ရာခိုင်နှုန်းလောက်ကသာ DVD/Blu-ray player တွေ ရှိတော့တယ်လို့ သိရပါတယ်။
Ref: The Verge