[Zawgyi]

Foldable ဖုန္းဟာ လက္ရွိအခ်ိန္မွာ နည္းပညာကုမၸဏီတိုင္းရဲ႕ ဂုဏ္သိကၡာကို ကိုယ္စားျပဳေနၿပီလားလို႔ ေမးခြန္းထုတ္ခ်င္စရာပါပဲ။ ကမာၻ႔နည္းပညာကုမၸဏီအေတာ္မ်ားမ်ားက Foldable ဖုန္းေတြကို အၿပိဳင္အဆိုင္ ထုတ္လုပ္ေနခ်ိန္မွာ အေမရိကန္ရဲ႕ ဧရာမဘက္ထရီထုတ္လုပ္မႈ လုပ္ငန္းႀကီးကလည္း Foldable ဖုန္းကို ထုတ္ႂကြားခဲ့ျပန္ပါတယ္။

Energizer ဟာ သူ႔တို႔ထုတ္လုပ္တဲ့ စမတ္ဖုန္းတိုင္းမွာ ေဈးကြက္ထဲက အျခားစမတ္ဖုန္းေတြမွာ ပါဝင္တဲ့ ဘက္ထရီပမာဏထက္ သာလြန္ေအာင္ ျပဳလုပ္ေလ့ရွိပါတယ္။ အခုလည္း သူတို႔ရဲ႕ Foldable ဖုန္းမွာ 10,000mAh ဘက္ထရီပမာဏကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Energizer Power Max 8100S လို႔အမည္ရတဲ့ ဒီ Foldable ဟာ ဒီဇိုင္းအားျဖင့္ ထူးျခားဆန္းသစ္ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ မ်က္ႏွာျပင္ႏွစ္ခုပါဝင္တယ္ဆိုေပမယ့္ Prototype ကို ၾကည့္ရသေလာက္ကေတာ့ စြဲမက္စရာ ပုံစံမဟုတ္ပါဘူး။ အျပင္ဘက္ မ်က္ႏွာျပင္ဟာ 6-inch ျဖစ္ၿပီး 18:9 အခ်ိဳးျဖစ္ပါတယ္။

အတြင္းဘက္မ်က္ႏွာျပင္ကေတာ့ 8.1-inch ျဖစ္ၿပီး 4:3 အခ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ ႏွစ္ခုစလုံးဟာ FHD+ ေတြ ျဖစ္ၾကတယ္လို႔လည္း သိရပါတယ္။ ကင္မရာကေတာ့ ၃ လုံးပါဝင္ၿပီး 48MP + 12 MP ႏွစ္လုံးက ေက်ာဘက္ျခမ္း(အျပင္ဘက္) မွာ တပ္ဆင္ထားတာျဖစ္ပါတယ္။ အတြင္းဘက္ Selfie ကင္မရာကေတာ့ 24MP ျဖစ္ပါတယ္။

Snapdragon 855 chipset ကို အသုံးျပဳထားၿပီး Dual SIM စနစ္ျဖစ္သလို 5G ကြန္ရက္နဲ႔လည္း ခ်ိတ္ဆက္ အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ RAM ကေတာ့ 8GB ျဖစ္ၿပီး Storage က 256GB ျဖစ္တဲ့အျပင္ MicroSD နဲ႔လည္း ေနာက္ထပ္ 256GB ကိုတိုးခ်ဲ႕လို႔ရတယ္လို႔ သိရပါတယ္။

ဘက္ထရီကေတာ့ Energizer ရဲ႕ အမည္ကိုသိသာထင္ရွားေစမယ့္ ပမာဏျဖစ္တဲ့ 10,000mAh ျဖစ္သလို Fast Charge USB-C ကိုေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ ေနာက္ဆုံးအခ်က္ျဖစ္တဲ့ ေဈးႏႈန္းကေတာ့ အံ့အားသင့္စရာပါ။ Energizer Power Max 8100S ကို $966 သာ သတ္မွတ္ထားတာေၾကာင့္ ျမန္မာေငြ ၁၅ သိန္းဝန္းက်င္သာ ရွိၿပီး လက္ရွိထြက္ထားတဲ့ Foldable ဖုန္းေတြရဲ႕ တစ္ဝက္ေလာက္သာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Foldable ယဉ်ကျေးမှုထဲကို ဘက်ထရီပမာဏများများ၊ ဈေးနည်းနည်းနဲ့ ဝင်ရောက်လာတဲ့ Energizer

Foldable ဖုန်းဟာ လက်ရှိအချိန်မှာ နည်းပညာကုမ္ပဏီတိုင်းရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေပြီလားလို့ မေးခွန်းထုတ်ချင်စရာပါပဲ။ ကမ္ဘာ့နည်းပညာကုမ္ပဏီအတော်များများက Foldable ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်နေချိန်မှာ အမေရိကန်ရဲ့ ဧရာမဘက်ထရီထုတ်လုပ်မှု လုပ်ငန်းကြီးကလည်း Foldable ဖုန်းကို ထုတ်ကြွားခဲ့ပြန်ပါတယ်။

Energizer ဟာ သူ့တို့ထုတ်လုပ်တဲ့ စမတ်ဖုန်းတိုင်းမှာ ဈေးကွက်ထဲက အခြားစမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ဘက်ထရီပမာဏထက် သာလွန်အောင် ပြုလုပ်လေ့ရှိပါတယ်။ အခုလည်း သူတို့ရဲ့ Foldable ဖုန်းမှာ 10,000mAh ဘက်ထရီပမာဏကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Energizer Power Max 8100S လို့အမည်ရတဲ့ ဒီ Foldable ဟာ ဒီဇိုင်းအားဖြင့် ထူးခြားဆန်းသစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ မျက်နှာပြင်နှစ်ခုပါဝင်တယ်ဆိုပေမယ့် Prototype ကို ကြည့်ရသလောက်ကတော့ စွဲမက်စရာ ပုံစံမဟုတ်ပါဘူး။ အပြင်ဘက် မျက်နှာပြင်ဟာ 6-inch ဖြစ်ပြီး 18:9 အချိုးဖြစ်ပါတယ်။

အတွင်းဘက်မျက်နှာပြင်ကတော့ 8.1-inch ဖြစ်ပြီး 4:3 အချိုးဖြစ်တယ်လို့ သိရပါတယ်။ မျက်နှာပြင် နှစ်ခုစလုံးဟာ FHD+ တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။ ကင်မရာကတော့ ၃ လုံးပါဝင်ပြီး 48MP + 12 MP နှစ်လုံးက ကျောဘက်ခြမ်း(အပြင်ဘက်) မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ အတွင်းဘက် Selfie ကင်မရာကတော့ 24MP ဖြစ်ပါတယ်။

Snapdragon 855 chipset ကို အသုံးပြုထားပြီး Dual SIM စနစ်ဖြစ်သလို 5G ကွန်ရက်နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ RAM ကတော့ 8GB ဖြစ်ပြီး Storage က 256GB ဖြစ်တဲ့အပြင် MicroSD နဲ့လည်း နောက်ထပ် 256GB ကိုတိုးချဲ့လို့ရတယ်လို့ သိရပါတယ်။

ဘက်ထရီကတော့ Energizer ရဲ့ အမည်ကိုသိသာထင်ရှားစေမယ့် ပမာဏဖြစ်တဲ့ 10,000mAh ဖြစ်သလို Fast Charge USB-C ကိုထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ ဈေးနှုန်းကတော့ အံ့အားသင့်စရာပါ။ Energizer Power Max 8100S ကို $966 သာ သတ်မှတ်ထားတာကြောင့် မြန်မာငွေ ၁၅ သိန်းဝန်းကျင်သာ ရှိပြီး လက်ရှိထွက်ထားတဲ့ Foldable ဖုန်းတွေရဲ့ တစ်ဝက်လောက်သာ ဖြစ်ပါတယ်။

Ref: Android Authority